ဟိုပန်မြို့နယ် ပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ရေးပစ္စည်းများပေးအပ်လှူဒါန်း

ဟိုပန် ဩဂုတ် ၂၀

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊  ဟိုပန်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ် ကုသ ရေးလုပ်ငန်များတွင် အသုံးပြုရန်အတွက် ပစ္စည်းများပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၈နာရီခွဲ အချိန်က ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ပြုလုပ်ရာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ စီမံ အုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးညီနပ်က လှူဒါန်းမှုနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြား
ခဲ့သည်။

ထို့နောက် ဘဝပြုစုပျိုးထောင်ရေးအသင်း(လောက်ကိုင်)မှ Mask၊ RDT Test Kit၊ PPE ဝတ်စုံ ၊ Flow Meterနှင့် 15 L ဆံ့ အောက်ဆီဂျင်အိုး၊ တို့ကို လာရောက်ပေးအပ်လှူဒါန်းရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာပြည့်ကိုကိုက လက်ခံရယူပြီး “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးညီနပ်မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)