နတ်မောက်မြို့နယ်တွင် အိမ်သုံးဆေးဆိုင်များ ဈေးနှုန်းမှန်ကန်စွာဖြင့် ဖွင့်လှစ်ရောင်းချနိုင်ရေး ကွင်းဆင်း ဆောင်ရွက်
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် အိမ်သုံးဆေးဆိုင်များနေ့စဉ် ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး ၊ ဆေးဝါးများ သာမန်အချိန် ရောင်းချသည့်ဈေးနှုန်းထက်ပို၍ အဆမတန်မြှင့်တင်ရောင်းချခြင်းမရှိစေရေး ၊ ဈေးကွက်လိုအပ်ချက်ဆေးဝါးများသိရှိနိုင်ရေးအတွက် ယမန်နေ့ နေ့လည်ပိုင်းက မိဘမိတ္တာဆေးဆိုင်၊ ဇီဝကဆေးဆိုင်၊ ဟိဏ်း ဆေးဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။