မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးရာတွင် အသုံးပြုရန် PPE ဝတ်စုံနှင့် RDT Test Kit များလှူဒါန်း

မိုင်းပန်   ဩဂုတ်  ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ဩဂုတ်လ ၁၄ ရက်နေ့ နံနက် (၁ဝ) နာရီခွဲအချိန်ခန့်က အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူး ချုပ်လှမိုးမှ ထောက်ပံ့ပေးအပ်လာသော ကိုဗစ်-၁၉ ရောဂါသံသယလူနာများအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိစစ်ဆေးရာတွင် အသုံးပြုရန် လိုအပ်သည့် PPE ဝတ်စုံ (၁ဝ) စုံ၊ RDT Test Kit (၅ဝ) ခု တို့အား မိုင်းပန်တပ်နယ်မှူး ဗိုလ်မှူးကြီး ကျော်ထွန်းအောင်မှ ပေးအပ်ခဲ့ရာ မိုင်းပန် ပြည်သူ့ဆေးရုံမှ အထက်တန်းသူနာပြု ဒေါ်စိုးစိုးမြတ်မှလက်ခံရယူခဲ့ ကြောင်း သိရသည်။

မိုင်းပန်မြို့နယ်တွင် ဩဂုတ်လ (၁၄) ရက်နေ့အထိ RDT Test Kit ဖြင့် စစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း (၂၁) ထိ စစ်ဆေးတွေ့ရှိခဲ့ကြောင်း ၎င်းအနက် (၁၆) ဦးမှာ ကျန်းမာရေး ပြန်လည် ကောင်းမွန်သဖြင့် ဆေးရုံမှဆင်းခွင့်ရပြီး လတ်တလော ဆေးကုသမှု ခံယူနေသူ (၆) ဦးသာ ကျန်ရှိကြောင်း မြို့နယ်ပြည်သူ့ဆေးရုံရှိ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

မိုင်းပန် (ပြန်/ဆက်)