ဒလမြို့နယ်၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး ၊ ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ဆေးထိုးနှံရန်ကျန်ရှိနေသော ဒေသခံပြည်သူများအား ဦးစားပေး အစီအစဉ်အလိုက် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့ နံနက် ၉ နာရီ က တပင်ရွှေထီးရပ်ကွက် ဒလ-ဓနုတ် ကားလမ်းမကြီးဘေးရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ ဆက်လက်၍ ကာကွယ် ဆေးထိုးနှံပေးလျက်ရှိသည်။ ပုံ- ယနေ့ နံနက် ၁၁ နာရီက ကာကွယ်ဆေးထိုးနှံပေးနေစဉ်။

ကာကွယ်ကုသရေးအတွက် ပစ္စည်းများလှူဒါန်းပြီး၊ အောက်ဆီဂျင်စက်ရုံဆောက်လုပ်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့ နေ့လည် ၁၂နာရီက ကျိုက်လတ်မြို့ ကိုဗစ်-၁၉ ကာကွယ်ကုသရေးအတွက် ပစ္စည်းများလှူဒါန်းပြီး အောက်ဆီဂျင်စက်ရုံဆောက်နေမှုအား သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဂွမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် နေအိမ်အပြင် ထွက်ခွါခွင့် ကတ်ပါရှိမှု ရှိ/မရှိ စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိ

ရခိုင်ပြည်နယ် သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် တားဆီးထိန်းချူပ် နိုင်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ နေအိမ်ပြင်ပသို့ထွက်ခွာ သွားလာသူများထံ နေအိမ်ပြင်ပထွက်ကတ် ပါရှိမှုရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းနှင့် ညနေပိုင်းများတွင်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ကြံခင်းမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့်အဖွဲ့များက ရေလယ်ကျွန်းကျေးရွာအုပ်စုနှင့် ထန်းတပင်ကျေးရွာအုပ်စုအတွင်းရှိ သဘာဝဘေးအခြေအနေများအား ကွင်းဆင်းကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ကြံခင်းမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့များက ယမန်နေ့နံနက်(၁၀)နာရီအချိန်က ရေလယ်ကျွန်းကျေးရွာအုပ်စုနှင့် ထန်းတပင်ကျေးရွာအုပ်စုများသို့ သဘာဝဘေးအခြေအနေအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်အတွင်း ကျန်ရှိနေသည့် စက်ရုံ၀န်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

                  ပြည်သူအားလုံးကျန်းမာရေး   ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျှက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊   ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ်အတွင်း  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့်   စက်ရုံ၀န်ထမ်းများအား ယနေ့နံနက် (၉)နာရီက ဆက်လက်ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။

ဟုမ္မလင်းမြို့၌ ချင်းတွင်းမြစ်ရေ စိုးရိမ်အမှတ်သို့ရောက်ရှိနိုင်

စစ်ကိုင်းတိုင်းဒေသကြီး ၊ အထက်ပိုင်းနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် သြဂုတ်လအတွင်း မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေမှုကြောင့် ချင်းတွင်းမြစ်ရေ သည် ဟုမ္မလင်းမြို့၌ စိုးရိမ်‌ရေအမှတ်သို့ ရောက်ရှိနိုင်ကြောင်းသိရသည်။

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျောက်တံခါးမြို့နယ်အတွင်း နေအိမ်ပြင်ပသို့ မထွက်ခွာစေရေးနှင့် နှာခေါင်းစည်း (Mask) စနသ်တကျမတပ်ဆင်သူများအား အသိပညာ ပေးစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အား ကိုဗစ်−၁၉ရောဂါ ဖြစ်ပွားမှုများပြား လာခြင်းကြောင့် Stay at Home မြို့နယ်အဖြစ် သတ်မှတ်ကြေငြာခဲ့၍ ပြည်သူများကိုဗစ်-၁၉ ရောဂါဘေးမှကင်းဝေးစေရန်အတွက် နေအိမ်အတွင်းနေထိုင်ကြရန် မဖြစ်မနေစျေးဝယ် ထွက်ပါ က တစ်အိမ်တစ်ယောက်သာ သွားလာရန်နှင့် ဆေးရုံဆေးခန်းသွားလိုပါက တစ်အိမ်နှစ်ယောက် သာ သွားခွင့်ပြု၍ အကြောင်းမဲ့နေအိမ်ပြင်ပ သွားလာသူများကို တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဒေသန္တရအမိန့်ညွှန်ကြားချက်များအား ပြည်သူ များမှ အလေးထားလိုက်နာဆောင်ရွက်ကြစေရန် မြို့နယ်အတွင်း အသံချဲ့စက်ဖြင့် လိုက်လံ ကြေငြာထားသော်လည်း ပြည်သူများမှ လိုက်နာဆောင်ရွက်မှုအားနည်းသဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးစစ်ဆေးခြင်းကို ယနေ့၊ နံနက်ပိုင်းကရန်ကုန်-

မြိတ်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက ကယ်ဆယ်ရေးပစ္စည်းများဖြင့် ထိရောက်လျင်မြန်စွာ ကယ်ဆယ်နိုင်ရေးအတွက် လေ့ကျင့်လျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်း သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက ပြည်သူများအား  အချိန်နှင့်တစ်ပြေးညီ ထိရောက်လျင်မြန်စွာ ရှာဖွေကယ်ဆယ်နိုင်ရေးနှင့် တပ်ဖွဲ့ဝင်များ စွမ်းရည်ပြည့်ဝစွာ ဆောင်ရွက်နိုင်ရေးအတွက် မြိတ်ခရိုင်မီးသတ်စခန်းတွင် ရှာဖွေ ကယ်ဆယ်ရေးတပ်ဖွဲ့ အရန်သင့်စုဖွဲ့ထားရှိပြီး ကယ်ဆယ်ရေးပစ္စည်းများဖြင့် စဉ်ဆက်မပြတ် လေ့ကျင့်လျက်ရှိသည်။

မြောက်ဥက္ကလာပမြို့နယ် စေတနာရှင်လူမှုဘဝစောင့်ရှောက်ရေးအသင်းသို့ အလှူရှင်များမှ လူ နာတင်ယာဉ်များ လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် စေတနာရှင်လူမှုဘဝစောင့် ရှောက်ရေးအသင်းသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် Dead Body များ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူရှင်များမှ လူနာတင်ယာဉ်များကို ယနေ့ နံနက် ၉နာရီက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်၊၊
Subscribe to