မဘိမ်း ဩဂုတ် ၂ဝ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့မဈေးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့မဈေးအား ဩဂုတ် ၁၉ ရက်မှ ဩဂုတ် ၂၅ ရက်နေ့အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရှိရသည်။
မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများပြားလာပြီး မြို့မဈေးအတွင်းရှိ ဈေး သည်အမျိုးသမီးတစ်ဦးထံမှ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ (Positive) အတည်ပြုတွေ့ရှိခဲ့သဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းများ ဆောင်ရွက်ရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မဘိမ်းမြို့မဈေးအား ဩဂုတ် ၁၉ ရက်မှ ဩဂုတ် ၂၅ ရက်နေ့အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။
မဘိမ်းမြို့နယ်တွင် ဩဂုတ်လ ၁၉ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၂၄၆ ဦး ရှိပြီး ကျန်းမာ၍ ဆေးရုံဆင်းခွင့်ရရှိသူ ၈၉ ဦးနှင့် သေဆုံးသူ ၈ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
မျိုးမင်း