ကျိုက်လတ်မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှလူမှုရေးအသင်းသို့ လုပ်ငန်းသုံးပစ္စည်းများပေးအပ်လှူဒါန်း

ကျိုက်လတ် ဩဂုတ် ၂၀

ကျိုက်လတ်မြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းသိန်းအောင်မှ မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူ လူနာများအနီးကပ် ထိတွေ့ဆောင်ရွက်လျက်ရှိသည့် ကျိုက်လတ်မြို့နယ် သုခမေတ္တာလူမှုရေးအသင်းသို့လုပ်ငန်းသုံး ပစ္စည်းများပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့နေ့လည်၁၁နာရီက သုခမေတ္တာလူမှုရေးအသင်း ရုံး၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

လုပ်ငန်းသုံးပစ္စည်းများလှူဒါန်းထောက်ပံ့ရာတွင် ပိုးသတ်ဆေး၂ ပုံး၊mask 95 ၁၀၀ ၊maskရိုးရိုး ၁၅၀၀၊ လက်အိတ် ၆ဘူး၊Level 2၃၀စုံ၊Apron၅၀စုံ၊ခေါင်းစွတ် ၁၀၀ခု၊Goqqles၄၅ခု၊ ဆေးဖြန်းပုံး ၁ပုံး၊face shield ၄၄ခု၊လည်ရှည်ဖိနပ်၃၀ရန်boot cover၂၀ခု၊ဓာတ်စား၁၀၀ထုတ် ထို့ကို မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းသိန်း အောင်ကပေးအပ်ခဲ့ရာသုခမေတ္တာလူမှုရေးအသင်းဝင်ဦးဘိုဘိုအောင်ကလက်ခံရယူခဲ့ကြောင်းသိရသည်။

ဌေးဌေးလှိုင်