ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသောမိုးစပါးစိုက်ခင်းများအတွက် ပထမအကြိမ် မျိုးစပါး(၁၂၇၀)တင်း ထောက်ပံ့
ကရင်ပြည်နယ်အတွင်း ဇူလိုင်လကုန်ပိုင်းခန့်က မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ရာ စိုက်ပျိုးပြီး မိုးစပါးဧကအချို့ ရေလွှမ်းမိုးခဲ့ပြီး ပျက်စီးသွားသော မိုးစပါးစိုက်ခင်းများ အတွက် ယနေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပထမအကြိမ် မျိုးစပါး(၁၂၇၀)တင်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။