နမ့်ဆန် ဩဂုတ် ၂၀
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(နမ့်ဆန်) (ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ကုလားပဲ၊ မြေပဲ) ထောက်ပံ့ပေးအပ်ခြင်းကို ဩဂုတ်(၁၈) ရက်နေ့နံနက် ၁၁ နာရီ အချိန်က ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(နမ့်ဆန်) ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ပထမဦးစွာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(နမ့်ဆန်) စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ တာသိန်းဇော်က ထောက်ပံ့ပေးအပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဒေသအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော ဝန်ထမ်း(၇၀) ဦးအား တစ်ဦးလျှင် ဆန်(၃) ပြည်၊ ဆီ ၅၀၀) ကျပ်သား၊ ဆား (၅၀) ကျပ်သား၊ ကြက်ဥ (၂၅) လုံး၊ ကုလားပဲ (၅၀) ကျပ်သား၊ မြေပဲ (၅၀) ကျပ်သား နှုန်းဖြင့် ဝန်ထမ်း (၇၀) ဦး အတွက် ဆန် (၂၀) ပြည်အိတ် (၁၀) အိတ်၊ ဆီ (၃၅) ပိဿာ၊ ဆား (၃၅) ပိဿာ၊ ကုလားပဲ (၃၅) ပိဿာ၊ မြေပဲ (၃၅) ပိဿာတို့ကို ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက ပေးအပ်ရာတာဝန်ခံများက လက်ခံရယူခဲ့ပြီး အဆိုပါ အာဟာရ စားနပ်ရိက္ခာများကို ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(နမ့်ဆန်) ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့မှ စီစဉ်ထောက်ပံပေးခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ နယ်စပ်ဒေသတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Quarantine Centre တွင်ထားရှိသောလူနာများအတွက် အာဟာရစားနပ်ရိက္ခာဖြစ်သော ကြက်ဥ ၃၆ ကပ်၊ သောက်ရေသန့် ၅၄ ကပ်၊ ခေါက်ဆွဲခြောက် ၃၀ ဖာ၊ နှင့် ကွေကာအုပ် ၁၅ ထုတ်ကိုလည်းကောင်း၊ ကျန်းမာရေးဦးစီးဌာနမှ ခေတ္တကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းရွှေက ဒေသ/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအတွက် Mask ၅၀ ခုပါ (၂၀) ဘူး နှင့် Multivitamin အားဆေး (၂၀၀၀) လုံးကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းသိရသည်။
နန်းဆိုင်လီခမ်း