ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တာဝန်ယူတည်ဆောက်သည့် အောက်ဆီဂျင် ထုတ်စက်ရုံ စတင်လည်ပတ်နေမှုအား မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများမှ ကွင်းဆင်း ကြည့်ရှု

ရန်ကုန် ဩဂုတ် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၂၄)ရပ်ကွက်၊ ရေနံသာ လမ်းရှိ စည်ပင်သန့်ရှင်းရေးဝန်း၌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက တာဝန်ယူ တည်ဆောက်သည့် အောက်ဆီဂျင်ထုတ်စက်ရုံ စတင်လည်ပတ်နေမှုအား  ယမန်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများက စက်ရုံလည်ပတ် နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ စတင်လည်ပတ်လျက်ရှိသော အောက်ဆီဂျင်စက်ရုံအနေဖြင့် တစ်နေလျှင် ၄၀ လီတာ ဆန့် အောက်ဆီဂျင်အိုး အလုံး (၈၀ မှ ၁၀၀) ထုတ်လုပ်နိုင်မည်ဖြစ်ပြီး အောက်ဆီဂျင် လိုအပ်လျက်ရှိသော ပြည်သူများအနေဖြင့် အောက်ဆီဂျင်လုံလောက်စွာ ရရှိနိုင်မည်ဖြစ်ကြောင်း လည်း သိရှိရသည်။

ထို့နောက် မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများက တည်ဆောက်ထားသည့် စက်ပစ္စည်း များနှင့် ပြီးစီးမှု အခြေအနေများ၊​ အောက်ဆီဂျင်ထုတ်လုပ်မှုများအား  လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များကို ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရသည်။

စန္ဒာမိုး