ဒဂုံတောင် ဩဂုတ် ၂၁
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် နေရာ (၃)နေရာခွဲ၍ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ဦးစားပေး စတင်ထိုးနှံပေးပြီး ဆေးထိုးရန် ကျန်ရှိသူများကိုလည်း ဦးစားပေးအုပ်စုအလိုက် ဆက်လက်ထိုးနှံပေး လျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံမှုအား ယနေ့ နံနက် ၉ နာရီမှ စတင်ကာ မြို့နယ်ဆေးရုံ အမှတ်(၂၆)ရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၅၆)ရပ်ကွက်ရှိ လခွဲ(အ.မ.က-၈)တို့တွင် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ မြို့နယ်ကျန်းမာရေးဌာန တပ်မတော်ဆေးတပ်ဖွဲ့ မြို့နယ်ဌာနဆိုင်ရာများ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ လူမှုကူညီရေး အသင်း အဖွဲ့များ ပရဟိတများ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ ကာကွယ်ဆေး ထိုးရန် ကျန်ရှိသူ များအား ဦးစားပေးအုပ်စုအလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွား(၁၁၄)ဦး အစိုးရပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်း(၈၃)ဦး Volunteers နှင့် ပရဟိတများ (၁၈) ဦး၊ ဘိုးဘွားရိပ်သာမှ(၉၇)ဦး သံဃာတော်များနှင့် သီလရှင်(၅)ပါး၊ နိုင်ငံ့ဝန်ထမ်း(၈)ဦး၊ နိုင်ငံ့ဝန်ထမ်း မိသားစု(၅၈၆)ဦး စုစုပေါင်း (၉၁၁)ဦးအား ထိုးနှံပေးခဲ့ရာ ယနေ့အထိ ပြည်သူ(၁၅၄၂၅)ဦးအား ထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ဆေးထိုးရန် ကျန်ရှိသူများကိုလည်း ဦးစားပေးအုပ်စုအလိုက် ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရှိရ သည်။
မြို့နယ်(ပြန်/ဆက်)