ပရဟိတလူမှုကူညီရေးအသင်းများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသရေး အထောက်အကူပြု အောက်ဆီဂျင်အိုးနှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်လှူဒါနန်း

 မူဆယ် ဩဂုတ် ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ မိုင်းယု(၁၀၅)မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်၊ ပဲပြောင်း၊ နှမ်းနှင့် လယ်ယာ ထွက်ကုန်ပစ္စည်း ကုန်စည်ဒိုင်၌ ယမန်နေ့ နေ့လယ်(၁၃)နာရီအချိန်က ကြေးမုံစိမ်း မိသားစု ကုမ္ပဏီမှ  ပရဟိတ လူမှုကူညီရေးအသင်းများသို့   ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသရေး အထောက်အကူပြု အောက်ဆီဂျင်အိုးနှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။   

ကြေးမုံစိမ်းမိသားစုကုမ္ပဏီ ကိုယ်စား နယ်စပ်ကုန်သွယ်ရေး၊ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး မှ  မိုင်းယု(၁၀၅)မိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးအား Mask (နှာခေါင်းစည်း) (၃၀၀၀)ခု၊ သီလရှင်ကျောင်း အတွက် ဆန်အိတ်(၄)ပိုင်း၊ (၁၀၅)မိုင်ရှိ ဘုန်းတော်ကြီးကျောင်း(၄)ကျောင်းအတွက် ဆန်အိတ်(၁၂) ပိုင်း၊ မန်တုံတိုက်နယ်ဆေးရုံ အတွက် အောက်ဆီဂျင်အိုး(၃)လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ နမ္မတူမြို့နယ် ဆေးရုံနှင့် နမ့်အွန်ကျေးရွာ ဆေးပေးခန်းတို့ အတွက် အောက်ဆီဂျင်အိုး(၂)လုံးစီနှင့် ဆက်စပ်ပစ္စည်းများ၊ ပရဟိတလူမှုကူညီရေးအသင်းများဖြစ်သော ပါရမီ၊ သဒ္ဒါဖြူစင်၊ မေတ္တာပန်းခင်း၊ နှလုံးလှ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးကွန်ယက်၊ မိုင်းယုလေး ကျေးရွာ၊ စက်ယန္တရား အသင်းတို့ ကို  အောက်ဆီဂျင်အိုး(၁)လုံးစီနှင့် ဆက်စပ်ပစ္စည်းများ၊ ကုန်သွယ်ရေးဦးစီးဌာနသို့ ဆန်အိတ်(၁၂)ပိုင်းတို့ ကို ပေးအပ်လှူဒါန်းခဲ့ရာ ပရဟိတအသင်းများက လက်ခံရယူခဲ့ကြသည်။  ယင်းနောက် နယ်စပ် ကုန်သွယ်ရေး၊ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက အလှူရှင်ကြေးမုံစိမ်း မိသားစုကုမ္ပဏီအား ယခုလို လှူဒါန်းပေး သည့်အတွက် ကျေးဇူးတင်ရှိကြောင်းနှင့် တက်ရောက်လာကြသော ပရဟိတလူမှုကူညီရေး အသင်းများ မိုင်းယု(၁၀၅မိုင်) ကုန်သွယ်ရေး ဇုန်ရှိ ကုတင် (၁၀၀၀)ဆန့် Quarantine Centre ကုသရေး ဆောင်ကို မကြာမီအချိန်အတွင်း ဖွင့်လှစ်တော့မည့်ဖြစ်ရာ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့ လိုပါ ကြောင်း၊ အဆိုပါ Quarantine Centre ကုသရေး ဖွင့်လှစ်ပြီး လူနာများကို အခမဲ့ကုသပေးသွား မည်ဖြစ်ကြောင်း၊ မိုင်းယု(၁၀၅)မိုင်ရှိ ပြည်သူများအားလုံးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးသွားမှာဖြစ်ကြောင်း၊ ကုန်သွယ်ရေးဇုန်အတွင်းသို့ ဝင်ရောက်လာမည့် ကုန်တင်ယာဉ် မောင်းနှင့် ယာဉ်နောက်လိုက်များကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီး/မပြီး စစ်ဆေး သွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေး မထိုးရသေးပါက အခမဲ့ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သို့ပါသော ကြောင့် မူဆယ်မြို့နှင့် (၁၀၅မိုင်) ကုန်သွယ်ရေးဇုန်တို့ရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များကို လူတိုင်းနီးပါးထိုးနှံပြီးစီးပြီး ရောဂါကင်းစင် လာပါက နယ်စပ်ဂိတ်ပေါက်များဖွင့်လှစ်လာ မည်ဖြစ်သဖြင့် များမကြာမီ နှစ်နိုင်ငံကုန်သွယ်မှု လုပ်ငန်းများကို ပြန်လည်ဆောင်ရွက်နိုင်လာမည်ဖြစ် ကြောင်း၊ ထို့ကြောင့် ပရဟိတလူမှု ကူညီရေးအသင်းများမှ အားတက်သရော ပါဝင်ကူညီပေးကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့သည့်။  အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေး အထောက် အကူပြု အောက်ဆီဂျင်အိုးနှင့် ဆက်စပ်ပစ္စည်းများပေးအပ်လှူဒါန်းရာ အောက်ဆီဂျင်အရည်ပါ အိုး(၁၄)လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ Mask (နှာခေါင်းစည်း) (၃၀၀၀)ခုနှင့် ဆန်အိတ်(၂၈)ပိုင်း၊ စုစုပေါင်း တန်ဖိုးငွေကျပ်  သိန်း(၇၀)ကျော်ခန့်ရှိကြောင်းကို  ဒေါ်ရင်ကြူရန်၊ ကြေးမုံစိမ်းမိသားစု ကုမ္ပဏီထံမှ သိရှိရ သည်။

ယု