သင်္ဃန်းကျွန်းမြို့နယ်၌ သံဃာတော်များနှင့် သီလရှင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ရန်ကုန် ဩဂုတ် ၂၁

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် သံဃာတော်များနှင့် သီလရှင်များ စုစုပေါင်း အပါး(၅၀၀)အား ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့၊ ညနေ ၃ နာရီခွဲက ဆ/ကရပ်ကွက် လယ်တီဝိပဿနာကျောင်း၌ ဆက်လက်၍ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက် အဘိုး/အဘွား(၃၇၂၅)ဦး၊ ကျန်းမာရေး၀န်ထမ်း (၁၅၇)ဦး၊ volunteer ပရဟိတ(၂၈၅)ဦး၊ သံဃာတော်နှင့်သီလရှင်(၂၅၄)ဦး၊ နိုင်ငံဝန်ထမ်း(၈၄)ဦး၊ ဝန်ထမ်းမိသားစု(၇၁၃)ဦး၊ ပုဂ္ဂလိကဘဏ် ဝန်ထမ်း(၃၆)ဦး၊ စက်ရုံအလုပ်ရုံများမှ အလုပ်သမား(၇၅)ဦး နှင့် ဟိုတယ်မိုတယ်များမှ အလုပ်သမား (၇၀)ဦး စုစုပေါင်း(၅၃၉၉)ဦးကို ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ထံမှ သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ကျန်ရှိနေသော ဒေသခံပြည်သူများအား ဦးစားပေးအစီအစဉ်အလိုက် ဆက်လက်၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကံထူးထံမှ သိရသည်။

စန္ဒာမိုး