မိုင်းယောင်း ဩဂုတ် ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာနမှ လဝကမှူး ဦးပွားမောင် ဦးဆောင်သည့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် တပ်မတော်သား မိသားစုဝင်များအတွက် အိမ်ထောင်စုလူဦးရေ စာရင်းများ၊ ကလေးမွေးတိုးနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား စိစစ်၊ လဲလှယ်ထုတ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ပျက်စီးမှုများအား မိတ္တူထုတ်ပေးခြင်းလုပ်ငန်းများကို ယမန်နေ့ရက်က ဆောင်ရွက်ပေးသည်။
မိုင်းယောင်းမြို့နယ် လဝကရုံးတွင် နိုင်ငံတော်မှ သတ်မှတ်ပေးသည့် ရုံးပိတ်ရက် ကာလများအတွင်း ပြည်သူများအား ပန်းခင်းစီးမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်း၌ မွေးတိုး၊ သေဆုံးစာရင်း ဆောင်ရွက်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားစိစစ်၊ လဲလှယ် ထုတ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး၊ ပျက်စီးမှုများအား မိတ္တူထုတ်ပေးမှု ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်းတိုး၊ လျှော့၊ ပြောင်းဝင်၊ ပြောင်းထွက် ဆောင်ရွက်ပေးခြင်းလုပ်ငန်းများကို ရုံးဖွင့်ရက်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ရုံးလုပ်ငန်းချိန်အတွင်း ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း