ရန်ကုန် ဩဂုတ် ၂၁
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၆၅)နှစ်နှင့်အထက် အဘိုး၊ အဘွားများနှင့် ဒေသခံပြည်သူများအား ဦးစားပေးအစီအစဉ်အလိုက် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းကို ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ အ-ထ-က(၂)ကျောင်းနှင့် အ-ထ-က(သုဝဏ္ဏ)ကျောင်းတို့၌ ဆက်လက်၍ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက် အဘိုး/အဘွား(၃၇၂၅)ဦး၊ ကျန်းမာရေးဝန်ထမ်း (၁၅၇)ဦး၊ volunteer ပရဟိတ(၂၈၅)ဦး၊ သံဃာတော်နှင့်သီလရှင်(၂၅၄)ဦး၊ နိုင်ငံဝန်ထမ်း(၈၄)ဦး၊ ဝန်ထမ်းမိသားစု(၇၁၃)ဦး၊ ပုဂ္ဂလိကဘဏ် ဝန်ထမ်း(၃၆)ဦး၊ စက်ရုံအလုပ်ရုံများမှ အလုပ်သမား(၇၅)ဦး နှင့် ဟိုတယ်မိုတယ်များမှ အလုပ်သမား(၇၀)ဦး စုစုပေါင်း (၅၃၉၉)ဦးကို ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ကျန်ရှိနေသော ဒေသခံပြည်သူများအား ဦးစားပေးအစီအစဉ်အလိုက် ဆက်လက်၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကံထူးထံမှ သိရသည်။
စန္ဒာမိုး