မွန်ပြည်နယ်ဝန်ကြီးချုပ် ကော့နှတ်ကျေးရွာ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အရန်မီးသတ်တပ်ဖွဲ့ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဆင်းပွဲ တက်ရောက်
နိုင်ငံတော်၏ ကုန်ထုတ်အရင်းအနှီးများနှင့် ပြည်သူလူထု အသက်အိုးအိမ် စည်းစိမ်များ မီးဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်ချက်တို့ဖြင့် မွန်ပြည်နယ်၊ မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် ၁၀ နာရီက အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဆင်းပွဲ အခမ်းအနားကို အဆိုပါသင်တန်း ပြုလုပ်သည့် မော်လမြိုင်မြို့နယ်၊ ကော့နှတ်ကျေးရွာတွင် ကျင်းပသည်။