ရွှေတောင် ဇန်နဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ်အတွင်းရှိ ရောင်းချလျက်ရှိသော ဈေးဆိုင်များ၊ မြို့မစည်ပင်သာယာဈေးအတွင်း ရောင်းချလျက်ရှိသော ဈေးဆိုင်ခန်းများ ပုံမှန်ဆက်လက် ဖွင့်လှစ် ရောင်းချရေး အတွက်လိုက်လံအသိပေးခြင်းကို ပူးပေါင်းအဖွဲ့များက ယမန်နေ့ နေ့လည်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့အသိပေးဆောင်ရွက်ရာတွင် မြို့ပေါ်ရပ်ကွက်များအတွင်း ရောင်းချလျက်ရှိသော စတိုးဆိုင်များ၊ ကုန်စုံဆိုင်၊ ဆေးဆိုင်နှင့်စားသောက်ဆိုင်များ၊ မြို့မဈေးမတွင်းရှိ ဈေးဆိုင် ခန်းများအား ပုံမှန်ဖွင့်လှစ်ရောင်းချရေး လိုက်လံအသိပေးခြင်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့နှင့်ပူးပါင်းအဖွဲ့တို့မှ အသိပေးဆောင်ရွက်ပြီး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)