ပေါင်းတည် ဇန်နဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၌ စျေးများအတွင်း ရောင်းချလျက်ရှိသော ဈေးဆိုင်ခန်းများ ပုံမှန်ဆက်လက် ဖွင့်လှစ်ရောင်းချရေးအတွက် လိုက်လံအသိပေးခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်းအဖွဲ့များက ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပေးဆောင်ရွက်ရာတွင် မြို့ပေါ်ရပ်ကွက်များအတွင်း ရောင်းချလျက်ရှိသော စတိုးဆိုင်များ၊ ကုန်စုံဆိုင်၊ ဆေးဆိုင်၊ စားသောက်ဆိုင်များနှင့် ဈေးများအတွင်းရှိ ဈေးဆိုင်ခန်းများအား ပုံမှန်ဖွင့်လှစ်ရောင်းချရေး လိုက်လံအသိပေးခြင်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်းအဖွဲ့တို့မှ အသိပေးဆောင်ရွက်ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အေးအေးဆင့်(ပြန်/ဆက်)