ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ ဈေးဆိုင်များ ပုံမှန်အတိုင်းဖွင့်လှစ် ရောင်းချနိုင်ရေး လိုက်လံအသိပေးကြေညာ
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တို မြို့နယ်အတွင်းရှိ ဈေးဆိုင်များ ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချနိုင်ရေး အသိပေးကြေညာခြင်းကို ယမန်နေ့နံနက်ပိုင်းမှစ၍ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများက မြို့မဈေးကြီးနှင့် မြို့နယ်ရပ်ကွက်များအတွင်း လိုက်လံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။