သဲကုန်းမြို့တွင် ဈေးဆိုင်ခန်းများ ပုံမှန်ရောင်းချရေး အသိပေးခြင်းများ ဆောင်ရွက်

သဲကုန်း  ဇန်နဝါရီ   ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ရောင်းချလျက်ရှိသော ဈေးဆိုင်များ၊ မြို့မစည်ပင်သာယာဈေးအတွင်း ရောင်းချလျက်ရှိသော ဈေးဆိုင်ခန်းများ ပုံမှန်ဆက်လက် ဖွင့်လှစ်ရောင်းချရေးအတွက် လိုက်လံအသိပေးခြင်းကို ပူးပေါင်းအဖွဲ့များက ယနေ့ နေ့လယ်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့ အသိပေး ဆောင်ရွက်ရာတွင် မြို့ပေါ်ရပ်ကွက်များအတွင်း ရောင်းချလျက်ရှိသော စတိုးဆိုင်များ၊ ကုန်စုံဆိုင်၊ ဆေးဆိုင်နှင့် စားသောက်ဆိုင်များ၊ မြို့မဈေးမတွင်းရှိ ဈေးဆိုင်ခန်းများအား ပုံမှန်ဖွင့်လှစ် ရောင်းချရေး လိုက်လံအသိပေးခြင်းကို မြို့နယ်အထွေ‌ထွေအုပ်ချုပ်ရေး ဦးစီးဌာန၊  မြို့ယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်းအဖွဲ့တို့မှ အသိပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချစ်နှင်းသုန်