မင်းပြား ဇန်နဝါရီ ၂၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ရုံးပြည်သူ့စာကြည်တိုက်တွင် စာပေချစ်မြတ်နိုးသူများ၊ လူကြီးလူငယ်၊ ကျောင်းသား၊ ကျောင်းသူကလေးငယ်များအတွက် စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ Onlineမှတဆင့် အသိပညာပေး အစီအစဉ်များကို ရိုက်ကူးလျက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေး လျက်ရှိရာ ယမန်နေ့က ယင်းတလဲစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုထားသော စကားပြောချိုသာသော ကြက်တူ ရွေးခေါင်းစဉ်ဖြင့် ပုံပြောခြင်း အစီအစဉ်ကို ရိုက်ကူး၍ ထုတ်လွှင့်တင်ဆက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် အချိန်ကာလတွင်စာကြည့်တိုက်သို့ လာရောက်၍ စာဖတ်ခြင်း မပြုနိုင်သည့် စာဖတ်ပရိတ်သတ်များအတွက် စာပေဗဟုသုတများ ရရှိစေရန် ရည်ရွယ်ကာ မင်းပြားမြို့နယ်ရုံးရှိ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက သုတ/ရသ စာအုပ်များဖြင့် စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုပြသခြင်း၊ ရောင်စုံစက္ကူဖြင့် အရုပ်ခေါက်ပြခြင်း အစီအစဉ်များကို ရိုက်ကူးလျက် အသိပညာပေး အစီအစဉ်များကို မင်းပြားမြို့နယ် ပြည်သူ့စာကြည်တိုက် Page မှတဆင့် စဉ်ဆက် မပြတ်ထုတ် လွှင့်တင်ဆက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သိန်းနုအောင်