ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိအားကစား ကွင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ပူးပေါင်းပြီး (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် လူငယ်နှင့်စာပေပွဲတော်ကို ဇန်နဝါရီ ၂၉ မှ ဇန်နဝါရီ ၃၁ ရက်နေ့အထိ (၃) ရက်တိုင်တိုင် စည်းကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ရာ အဆိုပါပွဲတော်ကျင်းပမည့် နေရာသို့ ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင်လည်း ဆက်လက်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ကျောက်တံတားမြို့နယ်ရှိ တန်ခိုးကြီးဘုရား ဆူးလေစေတီတော်တွင် မြို့နယ်စည်ပင်သာယာဌာနမှ စုပေါင်းသန့်ရှင်းရေး ကုသိုလ်ယူ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ တန်ခိုးကြီး ဘုရားဆူးလေစေတီတော်နှင့် ပရိဝုဏ်တခုလုံးအား ယနေ့နံနက်(၀၇:၀၀)နာရီ အချိန်မှ စတင်၍ မြို့နယ်စည်ပင်သာယာအဖွဲ့ ဝန်ထမ်းများမှ ဘုရားရင်ပြင်တွင် ဦးစွာ တံမြတ်စည်း လှည်းခြင်း၊ ရေဆေးခြင်းများ ပြုလုပ်ပြီး ဘုရားပရိဝုဏ်ပတ်လည်အား ရေဆေးခြင်းဖြင့် ကုသိုလ်ယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် Silent Strike (အသံတိတ်သပိတ်) ပြုလုပ်ခြင်းနှင့်ပတ်သတ်ပြီးကြိုတင် ကာကွယ်တားဆီးနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မကွေးတိုင်းဒေကြီး၊ နတ်မောက်မြို့နယ်တွင် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် Silent Strike အသံတိတ် သပိတ်ပြုလုပ်ခြင်းနှင့်ပတ်သတ်ပြီးကြိုတင်ကာကွယ်တားဆီးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် အများပြည်သူသိရှိနိုင်စေရေး သတင်းထုတ်ပြန်ချက်အား အသိပညာပေး နှိုးဆော်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် အကြမ်းဖက်အုပ်စုများ ဖြစ်သည့် CRPH ၊ NUG နှင့် ယင်းတို့ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Page များမှ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေရန် နှင့် ပြည်သူလူထုအား ကြောက်ရွံ့ ထိတ်လန့်မှုဖြစ်ပေါ်စေရန် ရည်ရွယ်၍ လှုံ့ဆော်မှုများ အပေါ် ပြည်သူများအနေဖြင့် လိုက်ပါလုပ်ဆောင်မိပါက ဥပဒေအရ အရေးယူခံရနိုင်သဖြင့် အများပြည်သူ သိရှိနိုင်စေရေး အသံချဲ့စက်ဖြင့် မြို့နယ်အတွင်း လှည့်လည်အသိပေး နှိုးဆော်ခြင်းလုပ်ငန်းကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းအချိန်က စတင်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

သံဖြူဇရပ်မြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းအမှတ်စဉ် (၁/၂၀၂၂)ဆင်းပွဲကျင်းပ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင်  အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဉ်(၁/၂၀၂၂)ဆင်းပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန၊ သင်တန်းခန်းမတွင် ကျင်းပသည်။

ရွှေပြည်သာမြို့၌ (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့အကြို အထက်တန်းအဆင့် ကျောင်းပေါင်းစုံ စာစီစာကုံး၊ ကျပန်း၊ ကဗျာ၊ ဆောင်းပါးနှင့်ပန်းချီပြိုင်ပွဲ ကျင်းပ

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ် ပညာရေးမှူးရုံးမှဦးဆောင်၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အထက်တန်းအဆင့် ကျောင်းပေါင်းစုံ စာစီစာကုံး၊ ကျပန်း၊ ကဗျာ၊ ဆောင်းပါးနှင့်ပန်းချီပြိုင်ပွဲကို ဇန်နဝါရီ ၂၈ရက်နေ့ ယနေ့နံနက် ၁၁နာရီတွင် မြို့နယ်ပညာရေးမှူးရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အင်္ဂပူမြို့တွင် သတင်းထုတ်ပြန်ချက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ သတင်းထုတ်ပြန်ချက်များအား အများပြည်သူ သိရှိလိုက်နာကြစေရန် သတင်းထုတ်ပြန်ချက်ပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က အသိပေးဆောင်ရွက်ခဲ့သည်။

ပန်းတောင်း အ-ထ-က​ ၌ (၇၅)နှစ်မြောက် စိန်ရတုပြည်​ထောင်စုနေ့အကြို မြို့နယ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အကြို မြို့နယ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံက်ပိုင်းက အ-ထ-က(ပန်းတောင်း) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း အမှတ်စဉ် ( ၁ / ၂၀၂၂ ) သင်တန်းဆင်းပွဲကျင်းပ   

မန္တလေးတိုင်းဒေသကြီး ၊  ပြင်ဦးလွင်မြို့တွင်  အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး ( မွမ်းမံ ) သင်တန်းအမှတ်စဉ် ( ၁/ ၂၀၂၂) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများတက်ရောက်ကြသည်။
Subscribe to