မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးနှင့် စာအုပ်လှူဒါန်းပွဲ ကျင်းပ

ရန်ကုန် ဇန်နဝါရီ  ၂၈

မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးနှင့် စာအုပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့၊ သိမ်ဖြူလမ်း၊ အမှတ်(၂၂၈)ရှိ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း အစည်းအဝေးခန်းမ၌ ကျင်းပရာ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးညွှန့်ဆွေနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ တက်ရောက်ကြပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ရေး စည်းကမ်းချက်များ၊ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

​ရှေးဦးစွာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကို ကျင်းပရာ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးညွှန့်ဆွေက မိမိတို့​ ဖောင်​​ဒေးရှင်းသည်၊ ပြည်သူများ စာဖတ်နိုင်​ရေးအတွက် စာအုပ်စာ​ပေ လူ့မိတ်​ဆွေဖြစ်လာ​စေရန်​ဆောင်ရွက်​နေခြင်းဖြစ်​ကြောင်း၊ စာကြည့်တိုက်များ တိုးပွား​စေလို​ကြောင်း၊ ရှိပြီးသား စာကြည့်တိုက်များ ခိုင်မာတည်တံ့စေလို​ကြောင်း၊ ပြည်သူများ စာများများ ဖတ်လာ​စေ​ရေး အမျိုးသား နိုင်ငံ​ရေးအဖြစ် ခံယူ​ဆောင်ရွက်ကြရန်လို​ကြောင်း၊ ပါတီနိုင်ငံ​ရေး အ​ရောင်အ​သွေးကင်းရှင်းရန် လို​ကြောင်း၊ စာကြည့်တိုက်များ တိုးပွားပြီး စာ​ပေ​လေ့လာ ဖတ်ရှုသူများ တိုးပွားလာအောင် ဆောင်ရွက်ပေးကြရန် ပြောကြားပြီး အစည်းအဝေး တက်ရောက်လာကြသော ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များက ပြည်သူများ စာပေများ ဖတ်ရှုပြီး ဗဟုသုတများ တိုးပွားရေးအတွက် ဆောင်ရွက်နေမှုများကို ပြန်လည်​ဆွေး​နွေးကြသည်။

ဆက်လက်၍ စာအုပ်လှူဒါန်းပွဲကျင်းပရာ၊ အလှူရှင်စာ​ရေးဆရာ ဇန်ဇန်(ပြင်ဦးလွင်)​ ရေးသားသည့် တန်ဖိုး(၂၀)သိန်းဖိုးရှိ စာအုပ်(၅)မျိုး၊ အုပ်​ရေ(၁၁၉)ကို စာ​ရေးသူကိုယ်စား၊ ဗဟိုအလုပ်အမှု​ဆောင် အဖွဲ့ဝင် ဦး​မောင်​မောင်ဦး စာ​ရေးဆရာ(ဟိန်းလတ်)က ​ပေးအပ်လှူဒါန်းရာ ​ဖောင်​ဒေးရှင်းဥက္ကဋ္ဌ ဦးညွန့်​ဆွေက လက်ခံပြီး ကျေးဇူးတင်စကား​ ပြောကြားကာ ဂုဏ်ပြုလွှာ ပြန်လည်​ပေးအပ်ခဲ့​ကြောင်း သိရှိရသည်။

​အောင်မြင့်