ဒေါပုံမြို့နယ် ကြည်စုရပ်ကွက်သို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ အိမ်ထောင်စုစာရင်းများ မရှိသေးသူများအား ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေး

ဒေါပုံ ဇန်နဝါရီ ၂၈ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ဒေါပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်အထက် နိုင်ငံသား စိစစ်ရေး ကတ်ပြားနှင့် အသက်(၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ အိမ်ထောင်စု လူဦးရေစာရင်းတို့ကို အခမဲ့ဝန်ဆောင်ပေးခြင်းကို ရပ်ကွက်များအတွင်းရှိ ပြည်သူများကို စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က ကြည်စုရပ်ကွက်သို့ ဒုလဝကမှုး ဒေါ်အေးအေးခိုင်နှင့် ဝန်ထမ်း(၃)ဦးသည် ပန်းခင်း စီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းစစ်ဆေးခြင်း လုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မအီမြို့၌(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် စာအုပ်စာစောင်များ ခင်းကျင်းပြသ

ရခိုင်ပြည်နယ် သံတွဲခရိုင် မအီမြို့၌ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ် မြောက်စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းကို ယနေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဖြူမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အွန်လိုင်း အသိပညာပေး Talk Show ပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေ ပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့ နံနက် ၉ နာရီက ကလေး အလုပ်သမားပပျောက်ရေး အွန်လိုင်း အသိပညာပေး(Talk Show)ကို ကျင်းပြုလုပ်ကြောင်း သိရသည်။

ဘုတ်ပြင်းမြို့နယ်၌ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု)ရန်ပုံငွေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ၆ လ ဘဏ္ဍာရေးနှစ်တွင် ဘုတ်ပြင်း မြို့နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေကျပ် ၃၉၅.၀၆၀ သန်း ဖြင့် ဆောင်ရွက် လျက်ရှိသည့် ဟန်ကပြု-ရွာဟေ့လူ ကျေးရွာချင်းဆက်လမ်း ၃၄/၀ မိုင်အနက် မြေလမ်း ၇/၀ မိုင် ဖောက်လုပ်ခြင်းလုပ်ငန်းနှင့် ၎င်းလမ်းပေါ်ရှိ ၅' Box Culvert ၁၈ စင်း တည်ဆောက်ခြင်းလုပ်ငန်းသည် ၅၀% ဆောင်ရွက်ပြီးစီးနေ‌ကြောင်းသိရသည်။

သရက်ချောင်းမြို့နယ်တွင် အစိုးရ၏ သတင်းထုတ်ပြန်ချက်များ ပြည်သူများသိရှိနိုင်စေရန် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းများဆောင်ရွက်

အကြမ်းဖက်အဖွဲ့များ၏ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်သည့် လှုံ့ဆော်ဝါဒဖြန့်မှုများတွင် ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ပြည်သူများ အနေဖြင့် လိုက်ပါလုပ်ဆောင်မိပါက ဥပဒေအရ အရေးယူ ခံရနိုင်သဖြင့် ပါဝင်ပတ်သက်ခြင်းမရှိစေရန် ယနေ့ နံနက် ၈နာရီခွဲအချိန်က ထားဝယ်-မြိတ်ကားလမ်း၊ ပန်းတော လမ်းဆုံတွင် ယာဉ်များရှောင်တခင်စစ်ဆေးခြင်းနှင့် အသိပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရသည်။

ရွှေကျင်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို ဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ အ-ထ-က(ရွှေကျင်)ကျောင်း ပညာရတနာခန်းမတွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို ဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပသည်။

နောင်တရားမြို့၌ သတင်းထုတ်ပြန်ချက်များအား လက်ကမ်းစာစောင်ဖြန့်ဝေ၍ အသိပညာပေး ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၌ နိုင်ငံတော် တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်ပေါ်စေရန် ရည်ရွယ်၍ လှုံ့ဆော်မှုများတွင် ပြည်သူများ ပူးပေါင်းပါဝင်ခြင်း မရှိစေရန်နှင့် နစ်နာမှုများ မဖြစ်ပေါ်စေရေးအတွက် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် နောင်တရားမြို့တွင်းတွင် လက်ကမ်းစာစောင်များ ဖြန့်ဝေသည်။

ရသေ့တောင်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အလယ်တန်းနှင့် အထက်တန်း မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း စာကြည့်တိုက် ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to