မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှ ဧရာဝတီမြစ်အတွင်း ငါးသားပေါက် ကောင်ရေ(၃)သိန်း စိုက်ထည့်ပွဲ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်
မကွေးတိုင်းဒေသကြီး၊ ငါးလုပ်ငန်း ဦးစီးဌာနမှ ဧရာဝတီမြစ်အတွင်း ငါးသောက်ပေါက်များ စိုက်ထည့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က မကွေးမြို့၊ ကမ်းနားလမ်း ညောင်ကိုးပင် ဆိပ်ကမ်းတွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ တက်ရောက် ခဲ့ကြောင်း သိရသည်။