ဆိပ်ကြီးခနောင်တို ဇန်နဝါရီ ၂၈
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တို မြို့နယ်အတွင်းရှိ ဈေးဆိုင်များ ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချနိုင်ရေး အသိပေးကြေညာခြင်းကို ယမန်နေ့နံနက်ပိုင်းမှစ၍ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများက မြို့မဈေးကြီးနှင့် မြို့နယ်ရပ်ကွက်များအတွင်း လိုက်လံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ အသိပေးဆောင်ရွက်ရာတွင် ယခုအခါ အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့ အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Account များမှ နိုင်ငံတော် တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ် လန့်မှုဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး Silence Strike (အသံတိတ်သပိတ်) ပြုလုပ်ရန်၊ လက်ခုပ်တီးခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်းများ စသည့် အသံထွက်သပိတ်ပြုလုပ်ရန် လှုံ့ဆော်မှုများအား လူမှုကွန်ယက်များ၌ ပျံ့နှံ့နေသည်ကို တွေ့ရှိရသဖြင့် ယင်းသို့ လှုံ့ဆော်မှုများအပေါ် ပြည်သူများအနေဖြင့် လိုက်ပါလုပ်ဆောင်မိ ပါက ဥပဒေအရ အရေးယူခံရနိုင်သည်ကို အသိပေးကြေညာခြင်းနှင့် ထိုလှုံ့ဆော်မှုများအပေါ် စိုးရိမ်ထိတ်လန့်မှု မဖြစ်ဘဲ မိမိတို့ဈေးဆိုင် များအား ပုံမှန်အတိုင်း အေးချမ်းစွာ ဖွင့်လှစ်ရောင်းချ နိုင်ရေးတို့ကို မြို့မဈေးကြီးအတွင်းနှင့် မြို့နယ်ရပ်ကွက်များရှိ စားသောက် ဆိုင်များ၊ လ္ဘက်ရည်ဆိုင်များ၊ ကုန်စုံဆိုင်များ၊ ကုန်မာ ဆိုင်များ၊ စတိုးဆိုင် ဖွင့်လှစ်ရောင်းချသူများအား သိရှိအောင် လိုက်လံအသိပေးကြေညာခြင်း၊ ပြောကြားခြင်းနှင့် အဆိုပါ ကြေညာချက်ပါ အချက်များအား သိရှိစေရန် လက်ကမ်းစာ စာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ဝေယံ(IPRD)