သံတွဲ ဇန်နဝါရီ ၂၈
သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မေမွန်ထွဋ်နှင့် ဝန်ထမ်းများသည် ဇန်နဝါရီ ၂၈ ရက်နေ့ နံနက်၁၁နာရီက Mobile Library မော်တော်ယာဉ်ဖြင့် ဝါးနွယ်ပြင်ကျေးရွာသို့ သွားရောက်ပြီး ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ စာအုပ်များကိုငှါးရမ်းပေးခဲ့သည်။
ထိုသို့ငှါးရမ်းရာတွင် ကျေးရွာနေပြည်သူများမှ အားရဝမ်းသာစွာဖြင့် Mobile Library မော်တော်ယာဉ်သို့ လာရောက်ပြီး သုတ/ရသစာအုပ်များကို ငှါးယူကြရာ တစ်ယောက်လျှင် နှစ်အုပ်နှုန်းဖြင့် တစ်ပတ်ကြာငှါးရမ်းပေးခဲ့သည်။
ယခုကဲ့သို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကျေးရွာများသို့သွားရောက်၍ အိမ်တိုင်ရာရောက်ငှါးပေးခြင်းမှာ ကျေးရွာနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စာအုပ်၊ စာစောင်များကို လွယ်ကူစွာဖတ်ရှု့လေ့လာနိုင်ပြီး အသိပညာဗဟုသုတများတိုးပွါးလာစေရေးတို့အတွက် ဝန်ဆောင်မှုပေးခြင်းဖြစ် သည်။
ခရိုင်ပြန်/ဆက်