သပိတ်ကျင်း ဇန်နဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ကျေးရွာများအရောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ (၂၇-၁-၂၀၂၂)ရက်နေ့အထိ ဆောင်ရွက်ပြီးစီးမှု (၇၅)ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး တာဝန်ရှိသူထံမှ သိရသည်။
သပိတ်ကျင်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ် လဝကမှူး ဦးညီညီလွင်နှင့်ဝန်ထမ်းများမှ ယနေ့နံနက်ပိုင်းက သပိတ်ကျင်းမြို့နယ် လမ်းလယ်ကျစ် ကျေးရွာ၊ တကောင်းမြို့နယ်လဝကမှူး ဦးဖုန်းဇော်ဝင်းနှင့်ဝန်ထမ်းများမှ ယနေ့နံနက်ပိုင်းက တကောင်းမြို့ ရေယာဉ်ကျေးရွာများသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ရာ အသက်(၁၀)နှစ် ပြည့်နှင့် အသက်(၁၈)နှစ်ပြည့်ပြီး ကျား(၃၆)ဦး၊ မ(၄၀)ဦး စုစုပေါင်း (၇၆) ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးနိုင်ခဲ့သည်။
သပိတ်ကျင်းမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ် ဆောင်ရွက်ရမည့်ဦးရေ (၉၂၂၉)ဦးရှိခဲ့ပြီး၊ (၂၇-၁- ၂၀၂၂)ရက်နေ့အထိ (၆၉၂၆) ဦး ဆောင်ရွက်ပြီးစီးရာ ဆောင်ရွက်ရမည့်ဦးရေ၏ (၇၅)ရာခိုင်နှုန်းပြီးစီး ပြီဖြစ်ကြောင်းနှင့် သတ်မှတ်ချက်ရာခိုင်နှုန်းပြည့်ပြီးစီးရေးအတွက် ဆက်လက်ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုးနိုင်ဝင်း (သပိတ်ကျင်း)