လှိုင်းဘွဲမြို့ စည်ပင်သာယာမြို့မဈေးတွင် ဈေးဆိုင်များ စနစ်တကျပုံမှန်ရောင်းချရေး လမ်းညွှန်ချက် စာစောင်များ ဖြန့်ဝေ

လှိုင်းဘွဲ    ဇန်နဝါရီ   ၂၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် စည်ပင်သာယာမြို့မဈေးနှင့်ဈေးဆိုင်၊ဈေးခန်းများအား စနစ်တကျ ပုံမှန်ရောင်းချရေး လမ်းညွှန်ချက်စာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက လိုက်လံ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လမ်းညွှန်ချက်စာစောင်များတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လုပ်ငန်းလိုင်စင်ခွင့်ပြုချက်ရ  ဈေးဆိုင်များအနေဖြင့် စည်းကမ်းချက်နှင့်အညီ နေ့စဉ်ဖွင့်လှစ်ရောင်းချဆောင်ရွက်ကြရန်နှင့်ခိုင်လုံသော အကြောင်းပြချက်မရှိပဲ ဆိုင်လုပ်ငန်းများ ပိတ်ထားခြင်း မပြုလုပ်ကြရန်၊ မိမိတို့၏ဆိုင်၊ လုပ်ငန်းများအား အကြောင်းမဲ့ ပတ်ထားပါက မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ၏ အရေးယူခြင်း၊ အခြားမလိုအပ်သော ကိစ္စရပ်များ မဖြစ်ပေါ်စေရန်အတွက် မိမိတို့ ၏ နေ့စဉ်ဆောင်ရွက်နေသည့် လုပ်ငန်းများအား ပုံမှန်ဆောင်ရွက်ပေးကြရန် အသိပေးနိုးဆော်ချက် စသည့်အကြောင်းအရာများ ပါဝင်သည့် လမ်းညွှန်ချက်စာစောင်များကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

စောဒိ(ပြန်/ဆက်)