(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကျောင်းသား/ကျောင်းသူများအား အားကစားပြိုင်ပွဲများ ပြုလုပ်ပေး

ဖြူး ဇန်နဝါရီ ၂၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အနေဖြင့် ကျောင်းသား/ကျောင်းသူများ ပြည်ထောင်စုနေ့ကို မမေ့စေရန်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးစေပြီး ပျော်ရွှင်စေရေးအတွက် ရည်ရွယ်ကာ အားကစားပြိုင်ပွဲများကို ဇန်နဝါရီလ (၂၈)ရက်နေ့၊ နံနက်(၁၀)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အားကစားပြိုင်ပွဲတွင် ဖြူးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ မူလတန်းအဆင့်၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအား စာအုပ်ရွက်ပြိုင်ပွဲများအားအုပ်စုအလိုက် ယှဉ်ပြိုင်စေခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြိုင်ပွဲအလိုက် ဦးစွာပန်း၀င်နိုင်သူများအား စာအုပ်နှင့်စာရေးကိရိယာများ ဆုချခြင်း၊ ပြိုင်ပွဲ၀င်သူများအတွက် စာအုပ်၊ဘောပင်နှင့် အာဟာရရှိသော မုန့်ပဲသွားရည်စာများ ပေးဝေခြင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နွယ် နွယ်အေးနှင့် ၀န်ထမ်းများက  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)