အုတ်တွင်း ဇန်နဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်း (၉)နာရီခွဲအချိန်က သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီက အဖွင့်အမှာစကား ပြောကြားပြီး၊ ဌာနများအလိုက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်မှုများအား ဆွေးနွေး တင်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပဲခူးတိုင်းဒေသကြီးမှ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်း ဆွေးနွေးခြင်း၊ ဌာနများအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ ၂၀၂၁-၂၀၂၂ ခုနှစ်၊ (၆)လ ဘတ်ဂျက်တွင် အကောင်အထည်ဖော် ဆောင်ရွက်နေသော လုပ်ငန်းများ စံချိန်စံညွှန်းများ ပြီးစီးဆောင်ရွက်စေရေး၊ ဌာနများအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံမှုတွင် တာဝန်ကျဌာနများ စနစ်တကျ ထိုးနှံစေရေး၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်စေရေး၊ ရုံးဥပဓိရုပ်များ ကောင်းမွန်စေရေး၊ ရုံးလုံခြုံရေးနှင့် မိမိလုံခြုံရေးအား အထူးဂရုစိုက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
ခင်ခင်မာ