ခရမ်းမြို့နယ်မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံသူများ၏ ရင်တွင်းစကားသံများ

ခရမ်း ဇန်နဝါရီ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ခရမ်းမြို့နယ်တွင်  အသက်၁၈နှစ်အထက် ပြည်သူများ၊ သံဃာတော်များ၊ အသက် ၆၅ နှစ်နှင့် အထက် အဘိုးအဘွားများ၊ အစိုးရ၊ ပုဂ္ဂလိက ဆေးရုံ ဝန်ထမ်းများ၊ သယ်ယူပို့ဆောင်ရေး ဝန်ထမ်းများ၊ စည်ပင်သာယာ ဝန်ထမ်းများ၊ ဘဏ်လုပ်ငန်း များမှ ဝန်ထမ်းများ၊ လူမျိုးမရွေး၊ ဘာသာမရွေး ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးကို စဉ်ဆက်မပျက် ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံပြီးသူများ၏ ရင်တွင်းစကားသံများကိုလည်း ယခုလို ကြားသိရသည်။

 မစန်းစန်းထွန်း(၁၈)နှစ်  (ကမာမတ်)ကျေးရွာ၊ ခရမ်းမြို့ သမီးက အသက်၁၈ ပြည့်ပြီးလို့ ကာကွယ်ဆေးကို လာရောက်ထိုးနှံခြင်းဖြစ်ပါတယ်၊ ကာကွယ်ဆေး ထိုးချင်တာတော့ကြာပါပြီ အသက် ၁၈ နှစ် မပြည့်သေးလို့၊ အခုလိုကာကွယ်ဆေး ထိုးခွင့်ရလို့ ဝမ်းသာမိပါတယ်၊ လူအများ ကြားထဲသွားလာရာမှာလဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ သွားလာလို့ရတာပေါ့၊ အခုဆို အိုမီခရွန် ရောဂါတွေ ကြားနေရတော့ ပိုကြောက်လာတယ်၊ ကာကွယ်ဆေးမထိုးရသေးသူ တွေလဲလာထိုးဖို့ ပြောချင်ပါတယ်၊ ဆောင်ရွက်ပေးတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။

မောင်ဇင်မောင်မောင် (၂၆ )နှစ် (ဘုရားပျိုကျေးရွာ)

အခုလို ကာကွယ်ဆေးတွေ ထိုးပြီးပြီဆိုတော့ ပျော်ရတာပေါ့ဗျာ၊ ဆေးအပေါ် အပြည့်အဝ ယုံကြည်တယ်၊ အခုဆို ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေပါ ဆေးထိုးပေးနေတာတွေ့ရ တော့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို အထူးကျေးဇူးတင်မိတယ်။ ကာကွယ်ဆေးမထိုးနှံရသူ တွေလဲ လာရောက်ထိုးနှံစေလိုပါတယ်။ အခုလို ကာကွယ်ဆေးထိုးပြီးတဲ့အခါ ကိုယ့်ကိုယ့်အားရှိ သွားသလို ခံစားမိသွားတယ်၊ ဆေးထိုးလိုက်ရလို့ စိတ်ချမ်းသာပြီး ပျော်ရွှင်မိပါတယ် လို့ကြား သိခဲ့ရပါသည်။

ကိုမင်း (ခရမ်း)