ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ရုရှားနိုင်ငံထုတ် (Sputink Vaccine) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် Sinovac ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ရန်ကုန် ဇန်ဝါရီ  ၂၈

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ထိုးနှံပေးခြင်းကို ဇန်နဝါရီ ၂၈ ရက်နေ့တွင် အမှတ်(၁၆)ရပ်ကွက် မြို့ဦးစေတီ၊ (၃၈)ရပ်ကွက်ရှိ မင်္ဂလာအေးကျောင်းတိုက်၊ (၄၇) ရပ်ကွက်ဓမ္မာရုံတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာ ဦးစားပေးအလိုက် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ ဇန်နဝါရီ ၂၈ ရက်နေ့တွင်  ရုရှားနိုင်ငံထုတ် (Sputink Vaccine)  ကာကွယ်ဆေးထိုးနှံသူ ၄၃၀ ဦး ၊ ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံသူ ၃၈၄ ဦးနှင့် ကျောင်းသားကျောင်းသူ ၂၁၁ ဦးတို့အား Sinovac ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးလာရောက် ထိုးနှံသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်၊ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာတင်မူမြင့်တို့၏ လမ်းညွှန်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ၊  မီးသတ်တပ်ဖွဲ့ ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရပဟိတအသင်းအဖွဲ့များပူးပေါင်း၍ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ  ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မြင့်မြင့်ရီ(ဒဂုံမြောက်)