ကသာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိ

ကသာ ဇန်နဝါရီ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ ထပ်မံရောက်ရှိလာသော ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးကို မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန် မကျန်ရှိစေရေးအတွက် ကာကွယ်ဆေး မထိုးနှံရသေးသူများအား ကသာမြို့တော်ခန်းမတွင် ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ဇန်နဝါရီလအတွင်း ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ထိုးနှံရာတွင် ကသာမြို့နယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူများက လာရောက်ထိုးနှံကြပြီး ကသာမြို့နယ်၌ covishield ကာကွယ်ဆေးကို လူဦးရေပေါင်း(၂၆၀၀)ဦးနှင့်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ကို ဇန်နဝါရီလ(၂၇)ရက်နေ့အထိတွင် လူဦးရေပေါင်း(၂၁၈၂၅)ဦးတို့ကို ဒုတိယအကြိမ်အထိ ကာကွယ်ဆေးများ ထိုးနှံပြီးဖြစ်ကြောင်း၊ Sinovac ကာကွယ်ဆေးကို ကျောင်းသား၊ကျောင်းသူပေါင်း(၃၃၁၀)ဦးအထိ ဒုတိယအကြိမ် ထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

ထို့အပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသည့် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ဒုတိယအကြိမ် ထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိသည်။

ခရိုင်