လေးမျက်နှာမြို့နယ် ဗိုလ်ချူပ်လမ်းဆုံတွင် နှာခေါင်းစည်းတပ်ဆင်ရေးMask Campaign ပြုလုပ်

လေးမျက်နှာ ဇန်နဝါရီ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ဗိုလ်ချူပ်လမ်းဆုံတွင် ယနေ့နံနက်၇:၀၀နာရီ အချိန်၌ လေးမျက်နှာမြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့မှ ဦးဆောင်၍ နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign ပြုလုပ်ခဲ့သည်။

လေးမျက်နှာမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ လေးမျက်နှာမြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်၊ အဖွဲ့ဝင် (၁)ဗိုလ်မှူးရဲရင့်နောင်နှင့်အဖွဲ့ဝင်များ ဦးဆောင်၍ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများပူးပေါင်းကာ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်သည် ရက်ပိုင်းအတွင်း နိုင်ငံအများအပြား၌ ကူးစက်ပျံ့နှံ့မှု ပိုမိုများပြားလာခြင်းနှင့် မြန်မာနိုင်ငံတွင် ပိုးတွေ့ရှိလာခြင်းတို့ကြောင့် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန်ကို ကြိုတင်ကာကွယ်နိုင်ရန်  ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်း(Mask) စနစ်တကျ တပ်ဆင်ရေး Mask Campain ပြုလုပ်ခဲ့သည်။

ကျော်ဟိန်း(ပြန်/ဆက်)