ကျွန်းစုမြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ကျွန်းစု ဇန်နဝါရီ ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ဒုံးပုလဲအော်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၉)ရွာတွင် “ပန်းခင်းစီမံချက်”ဖြင့်  အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဇန်နဝါရီလ(၂၀)ရက်နေ့မှ (၂၈)ရက်နေ့အထိ မြို့နယ်လဝကရုံးက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပန်းခင်းစီမံချက်ဖြင့် လက်ရှိဒေသတွင် အမြဲတမ်းနေထိုင်ပြီး အိမ်ထောင်စုစာရင်းရှိသည်။ မှတ်ပုံတင်မရှိသောသူများ၊ လက်ရှိဒေသတွင် အမြဲတမ်းနေထိုင်သည်။ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်မရှိသောသူများ၊ ရွေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုစာရင်း ရှိသည်။ လက်ရှိဒေသတွင် မှတ်ပုံတင်မရှိသောသူများနှင့် ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုစာရင်းလည်းမရှိ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်မရှိသောသူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်လဝက ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ အသက်(၁၀)နှစ်ပြည့် နိုင် ၃(က) (၃၂၇)ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင် ၆(က) (၅၅၆)ဦး၊ လဲလှယ်(၂၂၃)ဦး၊ မိတ္တူ(၉၀)ဦး၊ စုစုပေါင်း(၁၁၉၆)ဦးနှင့် ‌ရွှေ့ပြောင်းအိမ်ထောင်စု(၁၂၂)စုတို့အား “ပန်းခင်းစီမံချက်”ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး ပြည်သူများ ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် လက်ကမ်းစာစောင် များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)