မုံရွာ ဇန်နဝါရီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ဝန်ကြီးချုပ်၏ လမ်းညွှန်မှုနှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းသည် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ နှင့်အတူ မုံရွာမြို့ လယ်တီရပ်ကွက်ရှိ ဒေသခံပြည်သူများ၏ စီးပွားရေး၊ လူမှူရေး အစရှိသော လုပ်ငန်းများဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းစေရေးရည်ရွယ်လျက် ပြည်သူများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၈ ရက်နေ့ ညနေ ၃ နာရီအချိန်က မုံရွာမြို့ လယ်တီရပ်ကွက် ဘုန်းေတာ်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်း က နိုင်ငံတော်အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးနှင့် တည်ငြိမ်အေးချမ်းမှု့ ပျက်ပြားစေနိုင်သော ဥပဒေပြဌာန်းချက်များအပေါ် ရှင်းလင်းပြောကြားပြီး ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးဆိုင်ရာများ၊ ရပ်ကွက်ဖွံ့ဖြိုးရေးဆိုရာ ပညာရေး၊ကျန်းမာရေးအစရှိသော လုပ်ငန်းများဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး အခက်အခဲများ၊ လိုအပ်သည်များကို ရင်းနှီးပွင့်လင်းစွာ တင်ပြ၍ ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းများအား ပေါင်းစပ်ဆောင်ရွက်နိုင်ရေး အကြံပြုဆွေးနွေးပေးကြရန်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လယ်တီရပ်ကွက်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ရမည့် လုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားနိုင်ရေး အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်ပြီး တက်ရောက်လာကြသည့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိတို့ဌာနအလိုက် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်ပေးနေမှုအခြေအနေများ၊ မုံရွာမြို့နယ်အတွင်းရှိ ပြည်သူများအတွက်လူမှုရေး၊ကျန်းမားရေး၊ပညာရေး၊လမ်းပန်းဆက်သွယ်ရေး၊သန့်ရှင်းသော သောက်သုံရေဖူလုံစွာရရှိရေး အစရှိသည့် လူမှုရေးလုပ်ငန်းများ၊စီးပွားရေးလုပ်ငန်းများ တိုးတက်ကောင်းမွန်မှုရရှိစေရေး ပူးပေါင်းဆောင်ရွက် သွားမည့်အခြေအနေများကိုရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသော ဒေသခံပြည်သူများက မိမိတို့ရပ်ကွက် အတွင်း သန့်ရှင်းသောသောက်သုံးရေရရှိရေး၊ရပ်ကွက်တွင်းလမ်းများအား ထပ်ပိုးလွှာခင်ပေးရေး၊စည်ပင်အမှိုက်စွန့်ပစ်မှု့စိစစ်ဆောင်ရွက်ရေးပေးရေးရွာတွင်းလမ်ထပ်ပိုးခင်းပေးရေး၊ပရဟိတအသင်းမြေနေရာစိစစ်ပေးရေး၊နိုင်ငံတော်မှသွယ်တန်းပြီး ၄၄၀ဗို့လိုင်းချိတ်ဆက်ပေးရေး၊လျှပ်စစ်ဓါတ်အားများလာရောက်ဖတ်ပေးရန်နှင့် ပြည်သူများက ဓါတ်အားအမြန်ပေးသွင်းမည့် အခြေအနေများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများလုပ်ပေးရန်ကိစ္စများတို့ကို တင်ပြဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းက လိုအပ်မှုအခြေအနေများအပေါ် သက်ဆိုင်ရာဌာနများနှင့်အဆင်ပြေလွယ်ကူစွာဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းသိရှိရပါသည် ။
ခရိုင်(ပြန်/ဆက်)