မိုင်းလုံမြို့၌ အများပြည်သူများ သိရှိနိုင်စေရန် သတင်းထုတ်ပြန်ချက်များအား အသိပေးနှိုးဆော်

မိုင်းလုံ ဇန်နဝါရီ ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းလုံမြို့၌ ဖေဖော်ဝါရီ()ရက်နေ့တွင် ပြုလုပ်မည့်သပိတ်များ ဖြစ်သော အသံတိတ်သပိတ်၊ ဆိုင်ပိတ်ခြင်း၊သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်း၊ လက်ခုပ်တီးခြင်း၊ အခြားနည်းလမ်းတစ်ခုခုဖြင့် ဆန္ဒဖော်ထုတ်ခြင်း မပြုလုပ်ရန် တားမြစ်မိန့် ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ထုတ်ပြန်ထားရှိမှုနှင့် ပတ်သက်၍မြို့အတွင်းရှိ ရပ်ကွက်/ကျေးရွာများရှိ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများက ယမန့်နေ့က

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အသံတိတ် သပိတ်ပြုလုပ်ခြင်းများ မဖြစ်ပေါ်စေရေးအတွက် မြို့စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲတွင် မြို့စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးသောင်းထွဋ်လင်းက ဖေဖော်ဝါရီ()ရက်နေ့ အသံတိတ်သပိတ်ပြုလုပ်ခြင်း၊ဆိုင်ပိတ်ခြင်း၊သံပုံးတီးခြင်း၊ကားဟွန်းတီးခြင်း၊လက်ခုပ်တီးခြင်း၊အခြားနည်းလမ်းတစ်ခုခုဖြင့်ဆန္ဒဖော်ထုတ်ခြင်းမပြုလုပ်ရန်တားမြစ်မိန့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၁၄၄ထုတ်ပြန်ထားရှိမှုအား သံပုံးတီးခြင်း၊ကားဟွန်းတီးခြင်း၊လက်ခုပ်တီးခြင်း၊အခြားနည်းလမ်းတစ်ခုခုဖြင့်ဆန္ဒဖော်ထုတ်ခြင်းများမပြုလုပ်ကြစေရန်အတွက် မြို့အဆင့်ဌာနဆိုင်ရာများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများကမိမိတို့မြို့တွင် အသံတိတ်သပိတ်ပြုလုပ်ခြင်း၊ဆိုင်ပိတ်ခြင်း၊ သံပုံးတီးခြင်း၊ကားဟွန်းတီးခြင်း၊လက်ခုပ်တီးခြင်း၊အခြားနည်းလမ်းတစ်ခုခုဖြင့်ဆန္ဒဖော်ထုတ်ခြင်းများမပြုလုပ်ကြစေရန်အတွက် မြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံလမ်းခွများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ကပ်ထားကြေငြာပြီးရပ်ကွက်အတွင်း၌စျေးဆိုင်များမပိတ်သိမ်းရေးကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများက အသိပေးနှိုးဆော်ခြင်း၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ onlineမီဒီယာ၊ နံရံကပ်ပြဘုတ်များတွင် ကြေငြာခြင်းများကိုဆောင်ရွက်သွားကြရန် ဆုံးဖြတ်ခဲ့ကြကြောင်းသိရသည်။

မိုင်းလုံ