မာန်အောင်မြို့နယ်၌ အောင်ပွဲရ ရခိုင်ပြည်နယ် အမျိုးသမီးဘောလုံးအသင်းမှ မသီရိစန္ဒာရွှေနှင့် မခင်ထက်ထက်စံအား ဂုဏ်ပြုကြိုဆို

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌၂၀၂၂- ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အောင်ပွဲရ ရခိုင်ပြည်နယ်အမျိုးသမီးဘောလုံးအသင်းမှ ဒုတိယဂိုးကို သွင်းယူပေးခဲ့သူ မာန်အောင်မြို့နယ် ကြက်ရိုးကျေးရွာမှ မသီရိစန္ဒာရွှေနှင့် ဘုန်းဆိုးကြီးကျေးရွာမှ ကစားသမားမခင်ထက်ထက်စံတို့သည် ယနေ့နံနက်ပိုင်းတွင် ရွှေလင်းယုန်အမြန်ရေယာဉ်ဖြင့် မာန်အောင်မြို့နယ်သို့ ပြန်လည်ရောက်ရှိလာရာ သင်္ဘောဆိပ်ကမ်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦး ရွှေလှအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အားကစားသမားဟောင်းများအသင်းဝင်များ၊ အားကစားဝါသနာရှင် မိဘပြည်သူများက ပန်းစည်းများ၊ အောင်သပြေပန်းများဖြင့် သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆိုကြသည်။

ဇေယျာသီရိမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇေယျာသီရိမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ ကျည်တောင်ကျေးရွာအုပ်စု၊ ကျည်တောင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။                                                         

မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနှင့် လျော့နည်းမှုမဖြစ်ပေါ်စေရေးအတွက် ဓာတ်အားလိုင်းများ ပြုပြင်ထိန်းသိမ်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနှင့် လျော့နည်းမှု မဖြစ်ပေါ်စေရေးတို့အတွက် ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြသည်။

လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေး အထောက်အကူဖြစ်စေမည့် မြန်အောင်မြို့နယ် ထူးကြီး-ရွှေကျင်လမ်းပေါ်ရှိ အုန်းနှဲကုန်းတံတားနှင့် သပြေကုန်း-သဲဖြူ-ထူးကြီးလမ်းပေါ်ရှိ ကျွဲရိုးအင်းတံတား တည်ဆောက်ပြီးစီး

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူဖြစ်စေမည့် မြန်အောင်မြို့နယ် ထူးကြီး-ရွှေကျင်လမ်းပေါ်ရှိ အုန်းနှဲကုန်းတံတားနှင့် သပြေကုန်း-သဲဖြူ-ထူးကြီး လမ်းပေါ်ရှိ ကျွဲရိုးအင်းတံတား တည်ဆောက်ပြီးစီး၍ ဒေသခံပြည်သူများ၏ ဒေသထွက်ကုန်စည်စီးဆင်းမှု ကောင်းမွန် တိုးတက်လာတော့မည်ဖြစ်ကြောင်း သိရှိရသည်။

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကဗျာပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီ ပြိုင်ပွဲများကျင်းပ

(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဒူကထောင်ရပ်ကွက်ရှိ မြစ်ကြီးနား ပညာရေးဒီဂရီ ကောလိပ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အမ်းမြို့နယ်တွင် နိုင်ငံတော်အစိုးရ ထုတ်ပြန်ချက်များအား ပြည်သူများသိရှိစေရန် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် Silence Strike အသံတိတ်သပိတ်နှင့် ပတ်သက်၍ နိုင်ငံတော် အစိုးရ ထုတ်ပြန်ချက်များအား ဒေသခံပြည်သူများ ပါဝင်မှုမရှိစေရေး အမ်းမြို့နယ်ရှိ မြို့ပေါ် ရပ်ကွက်များ၊ အမ္ဗနဒီဈေးအတွင်း ဈေးရောင်း/ဈေးဝယ်သူများနှင့် တပ်တောင်မြို့ မြို့အုပ်ချုပ် ရေးမှူး  ဦးဆောင်၍ မြို့နယ်အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေး (တာဝန်ခံ)၊ နယ်မြေရဲတပ်ဖွဲ့၊ နယ်မြေမီးသတ်တပ်ဖွဲ့၊ မြို့စည်ပင်သာယာရေးအဖွဲ့၊ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် စာရေးများ ပူးပေါင်းပါဝင်၍ တပ်တောင်မြို့ အမှတ်(၃)ရပ်ကွက်ရှိ စည်ပင်သာယာအဖွဲ့ပိုင် ဈေးအတွင်း ရောင်းချနေသည့် ဈေးဆိုင်များ၊ ဈေးရောင်း/ဈေးဝယ်သူများ၊ ကားဂိတ်များနှင့် လမ်းဆုံ လမ်းမများ၌ သွားလာလျက်ရှိသည့် ဒေသခံပြည်သူများအား ယနေ့နံနက်(၉)နာရီ အချိန်က ဖြန့်ဝေ ခဲ့ကြသည်။

မြိတ်ခရိုင်ရှိ ပြည်သူများအား ဆက်လက်ထိုးနှံပေးမည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  (၇၀၄၃၀)နှင့် ဆေးထိုးအပ်များ မြိတ်မြို့သို့ တပ်မတော်လေယာဉ်ဖြင့် ထပ်မံရောက်ရှိ

တနင်္သာရီတိုင်းဒေသကြီး  မြိတ်ခရိုင်အတွင်းရှိ ပြည်သူများအား ကိုဗစ်ရောဂါ ကာကွယ်ဆေးကို ဦးစား ပေး အစီအစဉ်အလိုက် ထိုးနှံပေးလျက်ရှိရာ ဇန်နဝါရီ(၂၉)ရက် နေ့လယ်ပိုင်းတွင်  မြိတ်လေဆိပ်သို့ တပ်မတော် လေယာဉ်ဖြင့် ပြည်သူများအား ဆက်လက်ထိုးနှံပေးမည့် ကိုဗစ်ရောဂါ ကာကွယ်ဆေး Covishield (၇၀၄၃၀)နှင့် ဆေးထိုးအပ်များ ထပ်မံရောက် ရှိလာခဲ့သည်။

(၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေး Talk Show အစီအစဉ်ကျင်းပ

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်၌ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အကြို Talk Show အစီအစဉ်ကို လမ်းမတော်မြို့နယ် ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသား/အမျိုးသမီးအလွတ်တန်း တာဝေး စက်ဘီးစီးပြိုင်ပွဲကျင်းပ

စက်ဘီးအားကစားနည်းကို လေ့လာလိုက်စားခြင်းအားဖြင့် ကျန်းမာကြံ့ခိုင်သန်စွမ်းသော လူ့စွမ်းအား အရင်းအမြစ်များ ပေါ်ပေါက်လာစေရေး၊ ကရင်ပြည်နယ် ကိုယ်စားပြု မျိုးဆက်သစ် စက်ဘီးအားကစားသမားများ ပေါ်ထွန်းလာစေရေးနှင့် ဒေသ၏တည်ငြိမ်အေးချမ်းမှုကို ပေါ်လွင် စေပြီး ကိုဗစ်အလွန်ကာလတွင် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းကဏ္ဍ ပြန်လည်ဦးမော့လာစေရေး အတွက် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး အလွတ်တန်း တာဝေးစက်ဘီးစီးပြိုင်ပွဲကို ယမန်နေ့ နံနက် ၆ နာရီခန့်က ဘားအံမြို့၊ သီရိကွင်း မုခ်ဦးရှေ့၌ ကျင်းပသည်။

သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် သံတွဲမြို့နယ် ငပလီကမ်းခြေရှိ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ ကျင်းပ

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ အဖွဲ့ဝင်ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်နှင့် သံတွဲမြို့နယ် ငပလီကမ်းခြေရှိ လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်၂ နာရီက သံတွဲခရိုင်လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to