အမ်း ဇန်နဝါရီ ၃၀
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် Silence Strike အသံတိတ်သပိတ်နှင့် ပတ်သက်၍ နိုင်ငံတော် အစိုးရ ထုတ်ပြန်ချက်များအား ဒေသခံပြည်သူများ ပါဝင်မှုမရှိစေရေး အမ်းမြို့နယ်ရှိ မြို့ပေါ် ရပ်ကွက်များ၊ အမ္ဗနဒီဈေးအတွင်း ဈေးရောင်း/ဈေးဝယ်သူများနှင့် တပ်တောင်မြို့ မြို့အုပ်ချုပ် ရေးမှူး ဦးဆောင်၍ မြို့နယ်အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေး (တာဝန်ခံ)၊ နယ်မြေရဲတပ်ဖွဲ့၊ နယ်မြေမီးသတ်တပ်ဖွဲ့၊ မြို့စည်ပင်သာယာရေးအဖွဲ့၊ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် စာရေးများ ပူးပေါင်းပါဝင်၍ တပ်တောင်မြို့ အမှတ်(၃)ရပ်ကွက်ရှိ စည်ပင်သာယာအဖွဲ့ပိုင် ဈေးအတွင်း ရောင်းချနေသည့် ဈေးဆိုင်များ၊ ဈေးရောင်း/ဈေးဝယ်သူများ၊ ကားဂိတ်များနှင့် လမ်းဆုံ လမ်းမများ၌ သွားလာလျက်ရှိသည့် ဒေသခံပြည်သူများအား ယနေ့နံနက်(၉)နာရီ အချိန်က ဖြန့်ဝေ ခဲ့ကြသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ဒေသခံပြည်သူများအနေဖြင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာ ထားသော CRPH / NUG နှင့် ၎င်းတို့၏လက်အောက်ခံအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ် ပေါ်စေပြီး အစိုးရယန္တရားပျက်ပြားစေရန် ရည်ရွယ်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်း များကို လူမှုကွန်ရက်စာမျက်နှာများမှ တစ်ဆင့် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိခြင်းကြောင့် ပြည်သူများအနေဖြင့် ၎င်းတို့၏ လှုံ့ဆော်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ လိုက်ပါဆောင်ရွက်ခြင်းဖြစ်စေ၊ အသံဖြင့်ဖြစ်စေ လှုံ့ဆော်ခြင်း၊ ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီ ခြင်းများ အစရှိသည်တို့ကို ပြုလုပ်မိပါက တည်ဆဲဥပဒေများအရ အရေးယူခံရမည်ဖြစ်ကြောင်း ပြည်သူများအနေဖြင့် အသံတိတ်သပိတ်တွင် ပါဝင်ခြင်းမရှိဘဲ မိမိလုပ်ငန်းများကို အေချမ်းစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ပါကြောင်း စသည့်အချက်များပါဝင်ကြောင်း သိရှိရသည်။
စိုးမင်းထွန်း