မုံရွာမြို့နယ် စာရေးဆရာအသင်းဝင် (၂)ဦး၏ စာအုပ်(၂)အုပ် မိတ်ဆက်ပွဲကို ယမန်နေ့ နံနက်(၁၀) နာရီက မုံရွာမြို့ မုံရွာခရိုင် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံဆက် ရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မဲခေါင်စာပေဆုရ ဆရာနေမင်းသန်း ပြုစုသည့် “ဘဝတွက်တာ အရေးပါ ကဗျာသံပေါက်များ” နှင့် ဆရာမ မဉ္ဇူသက ရေးသားသည့် နှလုံးသွေးနဲ့ရေးတဲ့ မှတ်တမ်း(၂) ဆောင်းပါးများ မိတ်ဆက်ပွဲနှင့် အဆိုပါစာအုပ်များ လှူဒါန်းပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။