မြစ်ကြီးနား ဇန်နဝါရီ ၃၀
(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဒူကထောင်ရပ်ကွက်ရှိ မြစ်ကြီးနား ပညာရေးဒီဂရီ ကောလိပ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ဘိုးဘွား ပေးဝေ ချစ်အမွေ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲကို ပြည်ထောင်စု သန္ဓေလွတ်လပ် အမွေခေါင်းစဉ်ဖြင လည်းကောင်း၊ ပန်းချီပြိုင်ပွဲကို တရားမျှတ ပြည်ထောင်စုအလှ ခေါင်းစဉ်ဖြင့် လည်ကောင်းယှဉ်ပြိုင် ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)