ဂွမြို့၌ မြို့နယ်ဌာနဆိုင်ရာ မိသားစုများနှင့် ပြည်သူများက ဆွမ်းဆန်စိမ်း လောင်းလှူနိုင်ရေးနှင့် ဌာနဆိုင်ရာ ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူလူထုများမှ ပူးပေါင်း၍ မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူနိုင်ရေးနှင့် ဌာနဆိုင်ရာ ပုံမှန်အပါတ်စဉ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။