ဇေယျာသီရိမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေး

ဇေယျာသီရိ ဇန်နဝါရီ ၃၀

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇေယျာသီရိမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ ကျည်တောင်ကျေးရွာအုပ်စု၊ ကျည်တောင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။                                                         

ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုနယ်မြေ၊ ဒုတိယတိုင်းဦးစီးမှူး ဒုတိယညွှန်ကြား ရေးမှူး ဦးမောင်မောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဇေယျာသီရိမြို့နယ် ဦးစီးမှူး ဦးစီး အရာရှိ ဦးစန်းလွင်က  နိုင်ငံတော်မှ ပန်းခင်းစီမံချက်တွင် ပြည်သူများပိုမိုဆောင် ရွက်လာစေရန် နှင့် ငွေကြေးမတတ်နိုင်သူများအတွက် အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန် ဓာတ်ပုံဖိုး၊ သွေးစစ်ခ များကို ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ မြို့နယ်ဦးစီးမှူးထံ တင်ပြပြီး မြို့နယ် ဦးစီးမှူးရုံးမှ ဆက်လက်တင်ပြ တောင်းခံပေးမှာဖြစ်ကြောင်း၊  ဥပ​ဒေနှင့်အညီ ကိုင်ဆောင် လက်မှတ်လူတိုင်းရရှိအောင် မိမိဌာနမှ အရှိန်ဟုန်မြှင့် ဆောင်ရွက်နေပြီး ပြည်သူကြားတွင်ပန်း ခင်းဖြစ်အောင် ဆောက်ရွက်နေကြောင်းနှင့် အထောက်အထား လိုအပ်ချက်ရှိသူများကို (၅) ဦး ကော်မတီဖြင့် စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကိုင်ဆောင်လက်မှတ်မရှိသူများ ကျန်ရှိပါ က ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်းအား ဆက်လက်သတင်းစကား ပါးလို ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ဒုတိယညွှန်ကြားရေးမှူးက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇေယျာသီရိမြို့နယ်ဦးစီးမှူးရုံးမှ ကွင်းဆင်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးရာ ဇေယျာသီရိမြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးစန်းလွင်က ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးနေမှုအား လိုက်လံရှင်းလင်း ပြောကြားခဲ့သည်။  

ဇေယျာသီရိမြို့နယ် ဦးစီးမှူးရုံး အနေဖြင့် သတ်မှတ်ချက်ဖြင့် ကိုက်ညီသည့် ကျည်တောင် ကျေးရွာအုပ်စုမှ ပြည်သူ(၂၀၇)ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ဆောင်ရွက် ခဲ့ပြီး မြို့နယ်အတွင်းရှိပြည်သူများအနေဖြင့် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ဆောင်ရွက်လိုပါက  ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ တစ်ဆင့်ချိတ်ဆက် ပြီးမြို့နယ်ရုံးသို့ လာရောက်ပြုလုပ်နိုင်ကြောင်း ဇေယျာသီရိမြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။ 

မြို့နယ်(ပြန်/ဆက်)