လမ်းမတော် ဇန်နဝါရီ ၃၀
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်၌ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အကြို Talk Show အစီအစဉ်ကို လမ်းမတော်မြို့နယ် ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show အစီအစဉ်တွင် ကြည့်မြင်တိုင်မြို့နယ်၊ မျက်မမြင်ကျေင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်ချိုချိုမာက မသန်စွမ်းသူများအား၊ သန်စွမ်းသူများနည်းတူ အခွင့်အရေး၊ ရရှိနိုင်စေရန်၊ နိုင်ငံတော်အစိုးရက ဥပဒေများ ပြဋ္ဌာန်းပြီး ကာကွယ်ပေးသလို၊ မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေးကျောင်းများ ဖွင့်လှစ်ပြီး ဘဝမြှင့်တင်နိုင်ရေးအတွက် အသက်မွေးဝမ်း ကျောင်းပညာများ သင်ကြားပေးလျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ အသိပညာပေး Talk Show အစီအစဉ်ကိုလမ်းမတော် မြို့နယ်ပြည်သူ့စာကြည့်တိုက် Page တွင် ထုတ်လွှင့် တင်ဆက် သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဆန်းမြင့်