မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနှင့် လျော့နည်းမှုမဖြစ်ပေါ်စေရေးအတွက် ဓာတ်အားလိုင်းများ ပြုပြင်ထိန်းသိမ်းဆောင်ရွက်

မင်းဘူး   ဇန်နဝါရီ   ၃၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနှင့် လျော့နည်းမှု မဖြစ်ပေါ်စေရေးတို့အတွက် ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ကြရာတွင် မင်းဘူး(စကု)မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား အပြည့်အဝသုံးစွဲ နိုင်ရေးနှင့် ဓာတ်အားပြတ်တောက်မှု မရှိစေရေး၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးတို့အတွက် မြို့နယ် ရပ်ကွက်များတစ်လျှောက် ကြွေသီးများနှင့် ၉၅ ကာဗာကြိုးများ အသစ်တပ်ဆင် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

မင်းဘူးမြို့ လျှပ်စစ်အင်ဂျင်နီယာရုံးမှ ကြီးကြပ်၍ ဇန်နဝါရီ ၂၈ ရက်နှင့် ၂၉ ရက်နေ့များတွင် မီကြိုးနှင့် မလွတ်သည့် သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ကြွေသီးများ အသစ်လဲလှယ် တပ်ဆင်ခြင်း၊ ၉၅ ကာဗာ လိုင်းကြိုး အသစ်ဆွဲခြင်းများ ဆောင်ရွက်ရန်ရှိပါသဖြင့် ရပ်ကွက်အချို့တွင် ယာယီဓာတ်အား ပြတ်တောက်မည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ကြေညာထားကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)