ဘားအံ ဇန်နဝါရီ ၃၀
စက်ဘီးအားကစားနည်းကို လေ့လာလိုက်စားခြင်းအားဖြင့် ကျန်းမာကြံ့ခိုင်သန်စွမ်းသော လူ့စွမ်းအား အရင်းအမြစ်များ ပေါ်ပေါက်လာစေရေး၊ ကရင်ပြည်နယ် ကိုယ်စားပြု မျိုးဆက်သစ် စက်ဘီးအားကစားသမားများ ပေါ်ထွန်းလာစေရေးနှင့် ဒေသ၏တည်ငြိမ်အေးချမ်းမှုကို ပေါ်လွင် စေပြီး ကိုဗစ်အလွန်ကာလတွင် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းကဏ္ဍ ပြန်လည်ဦးမော့လာစေရေး အတွက် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး အလွတ်တန်း တာဝေးစက်ဘီးစီးပြိုင်ပွဲကို ယမန်နေ့ နံနက် ၆ နာရီခန့်က ဘားအံမြို့၊ သီရိကွင်း မုခ်ဦးရှေ့၌ ကျင်းပသည်။
အဆိုပါ စက်ဘီးစီးပြိုင်ပွဲသို့ စက်ဘီးအားကစားသမား အမျိုးသား ၄၆ ဦး၊ အမျိုးသမီး ၄၀ ဦး စုစုပေါင်း ၈၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက သီရိကွင်းမုခ်ဦးရှေ့မှ သေနတ်ပစ်ဖောက် တာလွှတ်ပေးခဲ့ရာ သီရိလမ်း၊ ဆေးရုံလမ်း၊ တန်းမြင့် ကျောင်းလမ်း၊ ဗိုလ်ချုပ်လမ်း၊ အဓိပတိလမ်း၊ သိမ်တော်ကြီးလမ်း၊ ကြာအင်းလမ်းမှ တစ်ဆင့် ဘားအံ-ပိုင်ရမ်းလမ်းအတိုင်း ရဲသာရွာသစ်၊ ကမော့ကစင်၊ တော်ပုံကျေးရွာတို့ကို ဖြတ်သန်း၍ ကော့ကျိုက်-တော်ပုံလမ်း၊ ဘားအံ-ထုံးအိုင်လမ်း၊ ကမ်းနားလမ်း၊ ဘီအိုစီကွေ့မှတစ်ဆင့် မင်းတန်း လမ်း၊ ဗိုလ်ချုပ်လမ်း၊ နာရီစင်မီးပွိုင့်မှ တန်းမြင့်ကျောင်းလမ်း၊ ဆေးရုံလမ်း၊ သီရိလမ်းမှတစ်ဆင့် စတင်တာလွှတ်ရာ သီရိကွင်းမုခ်ဦးရှေ့(မိုင်-၂၀)၌ ပြန်လည်ပန်းဝင်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကို၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြသည်။
ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ပန်းဝင်သည့် စက်ဘီးအားကစားသမားများအား ငွေကျပ်တစ်သောင်းစီကို ဂုဏ်ပြုချီးမြှင့် ပေးအပ်ခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်စိုးက အမျိုးသမီးပြိုင်ပွဲတွင် အဆင့် ၁၃ မှ ၁၅ ထိ ဆုရအားကစားသမားများကိုလည်းကောင်း၊ ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်က အမျိုးသမီး ပြိုင်ပွဲအဆင့် ၁၀ မှ ၁၂ ထိ ဆုရအားကစားသမားများကိုလည်းကောင်း၊ ပြည်နယ်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစန်းကိုက အဆင့် ၆ မှ ၉ ထိ ဆုရအားကစားသမားများကိုလည်းကောင်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးခင်ဇော်က စတုတ္ထဆုနှင့်ပဉ္စမဆုရ အမျိုးသမီး စက်ဘီးအားကစား သမားများကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကိုက ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသော အမျိုးသမီး စက်ဘီးအားကစားသမားများအား ငွေသားဆုနှင့် ဆုဖလားများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစိုးလွင်က အမျိုးသားပြိုင်ပွဲ အဆင့် ၁၃ မှ ၁၅ ထိ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက အဆင့် ၁၀ မှ ၁၂ ထိ၊ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က အဆင့် ၆ မှ ၉ ထိ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်က စတုတ္ထဆုနှင့် ပဉ္စမဆုရ အမျိုးသားစက်ဘီး အားကစားသမားများ ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အမျိုးသား စက်ဘီးစီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား ငွေသားဆုနှင့် ဆုဖလားများ ပေးအပ်ချီးမြှင့် ခဲ့ကြသည်။
အလားတူ ကရင်ပြည်နယ်၏ မြို့တော် ဘားအံမြို့အား သန့်ရှင်းသပ်ရပ်သော အစိမ်းရောင် မြို့တော် ဖြစ်စေရေးအတွက် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသော အားဖြင့် ပြည်သူနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ စုပေါင်းအမှိုက်ကောက်ပွဲကို ပြည်နယ်စည်ပင် သာယာရေးအဖွဲ့မှ ဦးဆောင်ကျင်းပခဲ့ရာ ဌာနဆိုင်ရာဝန်ထမ်း ၂၀၁၀ ဦးနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ဘားအံမြို့ပေါ် စုရပ်နေရာ (၁၃)နေရာတွင် စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေး ဆောင်ရွက်နေမှုများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြ သည်။
ထို့အတူ ဘားအံမြို့ပေါ်ရှိ အခြေခံပညာ အထက်တန်းကျောင်း(၅)ကျောင်းနှင့် အထက်တန်း ကျောင်း(ခွဲ) ၃ ကျောင်းတို့မှ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၃၃၉၉ ဦးဖြင့်လည်း ကျောင်းဝင်း အတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)