ရွှေဘိုမြို့၌  စားဆီတစ်ပိဿာ ငွေကျပ် ၄၆၀၀ ဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ ရောင်းချပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ မြို့မစည်ပင်သာယာရေး၊ ကုန်းဘောင်စျေးနှင့် အောင်ဇေယျစျေးတွင် ယမန်နေ့နံနက်ပိုင်းမှစတင်၍  စားဆီတစ်ပိဿာ ငွေကျပ် ၄၆၀၀ကျပ် စျေးဖြင့် ရောင်းချပေးလျက်ရှိသည်။

ကျုံလမုချောင်းဖြတ် သစ်သားတံတားဟောင်းအား ကွန်ကရစ်တံတားအဖြစ် တည်ဆောက်နိုင်ရေး တိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ဆိပ်သာလေးကျေးရွာနှင့် ကျောင်းကုန်းမြို့ နယ်အတွင်းရှိ ဆိပ်သာကြီးကျေးရွာတို့ကို ဆက်သွယ်ထားသော ကျုံလမုချောင်းဖြတ် သစ်သားတံတား ဟောင်းအား ကွန်ကရစ်တံအဖြစ် တားတည်ဆောက်နိုင်ရေးအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ညနေပိုင်းက ကွင်း‌ဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ ကြောင်း သိရသည်။

မြောင်းမြမြို့ ဘုရားချောင်း(ရပ်) အခြေခံပညာ မူလတန်းကျောင်းအား မူလတန်း(လွန်)ကျောင်း အဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ ဘုရားချောင်း(ရပ်) အခြေခံပညာ မူလတန်းကျောင်းအား  အခြေခံပညာ မူလတန်း(လွန်)ကျောင်းအဖြစ်သို့ အဆင့်တိုးမြှင့် ဖွင့်လှစ်သည့် အခမ်းအနားကို ယနေ့ နံနက် ၉ အချိန်တွင် ဘုရားချောင်း(ရပ်)အခြေခံပညာ မူလတန်း(လွန်)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ကြီးမြို့၌ သောက်သုံးရေ အခက်အခဲဖြစ်နေသော ရပ်ကွက်အား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ရေကန်လှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် သိမ်တန်းရပ်ကွက် အပိုင်း(၁)တွင် နေထိုင်သော ဒေသခံပြည်သူ့များ သောက်သုံးရေအခက်အခဲကို နှစ်စဉ်ဖြစ်ပေါ်နေသည့်အတွက်  အမျိုးသားသဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၏ ညွှန်ကြားမှုဖြင့် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ငွေကျပ်သိန်း(၃၀) ကျော် ရေကန်ကို ယနေ့ နေ့လယ် ၁၂ နာရီ အချိန်က လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ ၊ ဆောင်းပါး၊ ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် ပညာရေးမှူးရုံး၌ ယမန်နေ့ နံနက်(၁၀)နာရီတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အထက်တန်း အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ဆောင်းပါး၊ ကျပန်းစကားပြောပြိုင်ပွဲများကို မြို့နယ်အဆင့် ကျင်းပခဲ့ကြောင်း သိရသည်။

မုဒုံမြို့၌ အသက်(၂၅)နှစ်အောက် မော်လမြိုင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကျင်းပ

အသက်(၂၅)နှစ်အောက် မော်လမြိုင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလား အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက မုဒုံမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနရှိ ဖူဆယ်ကွင်း၌ ကျင်းပသည်။

ဘုတ်ပြင်းမြို့နယ်တွင်  ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘုတ်ပြင်းမြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်‌ပေးခြင်းကို ယမန်နေ့က ဟံကပြုကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ် သရက်နှစ်ခွကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဟူသည့်  ဆောင်ပုဒ်နှင့် အညီ နိုင်ငံသားတိုင်း ဥပဒေအရ ကိုင်ဆောင်သင့်သည့်  လက်မှတ်တစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးအတွက် ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦး‌ရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရုံးမှ လဝကမှူး ဦးအေးလွင်နှင့် ဝန်ထမ်းများက ယနေ့ နံနက် ၈ နာရီခွဲ အချိန်က သရက်နှစ်ခွကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
Subscribe to