မြိတ် ဇန်နဝါရီ ၃၀
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိ ပြည်သူများအား ကိုဗစ်ရောဂါ ကာကွယ်ဆေးကို ဦးစား ပေး အစီအစဉ်အလိုက် ထိုးနှံပေးလျက်ရှိရာ ဇန်နဝါရီ(၂၉) ရက် နေ့လယ်ပိုင်းတွင် မြိတ်လေဆိပ်သို့ တပ်မတော် လေယာဉ်ဖြင့် ပြည်သူများအား ဆက်လက်ထိုးနှံပေးမည့် ကိုဗစ်ရောဂါ ကာကွယ်ဆေး Covishield (၇၀၄၃၀)နှင့် ဆေးထိုးအပ်များ ထပ်မံရောက် ရှိလာခဲ့သည်။
ထပ်မံရောက်ရှိလာသည့် ကိုဗစ် ကာကွယ်ဆေး Covishield (၇၀၄၃၀)နှင့် ဆေးထိုးအပ်များကို တာဝန် ရှိသူများက လွှဲပြောင်းပေးအပ်ခဲ့ရာ ဒုတိယ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာယဉ်ယဉ်နွဲ့ က လက်ခံရယူခဲ့ပြီး ခရိုင်အတွင်းရှိ မြို့နယ်များသို့ သတ်မှတ်အရေအတွက်များအတိုင်း ဆက်လက် ဖြန့်ဖြူး ပေးအပ်ခဲ့သည်။
ကိုဗစ်ကာကွယ်ဆေးကို ဦးစားပေးအစီအစဉ်အလိုက် မြို့နယ်များတွင် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ် ကြောင်း၊ မြိတ်ခရိုင်အတွင်း ကိုဗစ်ကာကွယ်ဆေးထိုးရန် လျာထားဦးရေသည် (၄၉၁,၉၇၃)ဦးရှိပြီး ဇန်နဝါရီ (၂၉)ရက်နေ့အထိ ကာကွယ်ဆေး နှစ်ကြိမ် ဆေးထိုးနှံပြီးသူသည် (၂၉၉,၇၉၉)ဦး ရှိပြီဖြစ်၍ (၆၁)ရာခိုင်နှုန်းရှိပြီ ဖြစ်ကာ ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီးသူဦးရေသည်(၃၄၆၂၅၃)ဦးရှိ၍ (၇၀)ရာခိုင်နှုန်းထိုးနှံပြီးဖြစ်ကြောင်း ခရိုင်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနက သိရသည်။
ခိုင်ထူး (မြိတ်ပြန်/ဆက်)