မြစ်သားမြို့၌ ဓာတ်အားဖြန့်ဖြူးမှုစနစ် ကောင်းမွန်စေရေးအတွက် (10)MVA မှ (20) MVAသို့ တိုးမြှင့် တပ်ဆင်ခြင်းလုပ်ငန်း ၉၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်း  ဓာတ်အားသုံးစွဲသူပိုမိုများ ပြားလာရာ ဓာတ်အားဖြန့်ဖြူးမှုစနစ် ကောင်းမွန်စေရေးအတွက်  (10) MVA မှ (20) MVAသို့ တိုးမြှင့် တပ်ဆင်ခြင်းလုပ်ငန်းကို မြစ်သားမြို့နယ် လျှပ်စစ်မန်နေဂျာရုံးအတွင်း၌ ဆောင်ရွက်လျက်ရှိရာ ၉၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်ကြောင်း  သိရသည်။

ကျိုက်ထိုမြို့နယ် လယ်ယာ‌မြေစီမံခန့်ခွဲ‌ရေး အဖွဲ့မှ ကျိုက်ပိကျေးရွာ လယ်ယာမြေ အဆင့်မြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကျိုက်ပိကျေးရွာ၌ ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက် ရှိသည့် စက်မှု လယ်ယာ စနစ်ကျ လယ်ယာမြေ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဧက -၂၀၀ သို့ ကျိုက်ထိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့် အဖွဲ့၀င်များ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီ အဖွဲ့၀င်များသည် ယမန်နေ့နံနက်(၈)နာရီတွင် ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

ကျောက်ဆည်မြို့နယ်၌ နွေနှမ်း(၂၉၉၉၆)ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ဒေသအတွင်းစားသုံးဆီ ဖူလုံပိုလျှံရေးအတွက် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် နွေနှမ်း(၂၉၉၉၆)ဧက လျားထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။

ဂွမြို့နယ်တွင် ပြည်သူများသိရှိစေရန် ထုတ်ပြန်ချက်များအား အသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ယနေ့ ညနေပိုင်းက  ဈေးဆိုင်များ၊ အလုပ်ရု ံများအား ပုံမှန်ဖွင့်လှစ် ရောင်းချစေရေးနှင့် (Silent Strike) အသံတိတ်သပိတ်တွင် ပါဝင် ပတ်သက်မှု မရှိစေရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များကို မြို့ပေါ် ရပ်ကွက်များ၊ ရဟိုင်ကူးတို့ကျေးရွာနှင့် မကျေးငူကျေးရွာတို့တွင် ဖြန့်ဝေခဲ့ကြကြောင်း သိရ သည်။

စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရေးပြိုင်ပွဲကျင်းပ

မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရေးပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ နန်းတော်ရှေ့ရှိ အဆိုပါတက္ကသိုလ်တွင် ကျင်းပပြုလုပ်သည်။

ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် ဦးဆောင်သော ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က ယမန်နေ့ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် သံကိုင်းကျေးရွာသို့ သွားရောက်ပြီး ကျေးရွာနေ ပြည်သူများနှင့် တွေ့ဆုံ၍ အသိပေးရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား လူနေမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများအား ရပ်ကွက်များ အရောက် ကွင်းဆင်းပြုလုပ်ဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့ နံနက် (၈)နာရီမှ ညနေ (၃)နာရီအထိ  ဆ/က ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ်တွင် စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသည့် လောကဇာတ်ခုံပေါ် မှာစာအုပ်ဖြင့်  စာဖတ်ဝိုင်းကျင်းပ

ပြည်သူများစာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာဖတ်သည့် အလေ့အထများရရှိစေရန် အသိပညာ ဗဟုသုတရရှိစေရန်နှင့်  လူအများနှင့် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထများ ရရှိစေရန် အတွက် ရည်ရွယ်ကာ ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင် မြို့နယ်၊ အလက၂ တွင် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ် ထန်းတောင်သူများ ပေါ်ဦးပေါ်ဖျား ထန်းလျက်တစ်ပိသာ ၂၄၀၀ ကျပ် ရောင်းချနေရခြင်းကြောင့် တွက်ခြေကိုက်နေ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ် ထန်း တောင်သူများ ပေါ်ဦးပေါ်ဖျားထန်းလျက်တစ်ပိသာ ၂၄၀၀ ကျပ် ရောင်းချရခြင်းကြောင့် ထန်းတောင်သူများ ထန်းလျက်ရောင်းချရခြင်းကြောင့် တွက်ခြေကိုက်နေကြကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ်တွင် ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲ ကျင်းပ

ပြည်ထောင်စုနေ့အကြောင်း သိရှိနားလည်ပြီး ဉာဏ်ရည်ထက်မြက်သည့် ကျောင်းသား၊ကျောင်းသူများ ဖြစ်ပေါ်လာစေရန်၊ အသိပညာဗဟုသုတ ကြွယ်၀တိုးတက်စေရန် ရည်ရွယ်၍ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ အမှတ်၂ အခြေခံပညာ အလယ်တန်းကျောင်းတွင် ယမန်နေ့နံနက် ၁၁ နာရီက ၇၅နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စကားပုံဆက် ပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to