နိုင်ငံတော်အစိုးရ၏ သတင်းထုတ်ပြန်ချက်အား စျေးတန်းရပ်ကွက်ရှိ ပြည်သူများသိရှိစေရေး အသိပေးရှင်းလင်းဟောပြော

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် စျေးတန်းရပ်ကွက်ရှိ ဒေသခံ ပြည်သူများအား Silent Strike (အသံတိတ်သပိတ်)တွင် ပါဝင်မှုမရှိစေရေး နိုင်ငံတော်၏ အသိပေးသတင်း ထုတ်ပြန်ချက်စာစောင်ပါ အချက်အလက်များကို ယမန်နေ့ ည ၆ နာရီအချိန် တွင် စျေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူးက သီရိမင်္ဂလာမြို့လယ်ဓမ္မာရုံ၌ ရှင်းလင်းဟောပြော အသိပေးဆောင်ရွက်ခဲ့သည်။

နမ္မတူမြို့နယ် အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်း၌ ၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ် ပညာရည်ထူးချွန် ဆုပေးပွဲ အခမ်းအနားကျင်းပပြုလုပ်

နမ္မတူမြို့နယ် အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်း၌ ၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ် ပညာရည်ထူးချွန် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီခွဲအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

ပန်းခင်းစီမံချက်ဖြင့် ပန်ချင်ကျေးရွာအုပ်စုရှိ တိုင်းရင်းသားပြည်သူ ၁၂၃ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကျေးရွာအရောက် ကွင်းဆင်းပေးအပ်

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နမ္မတူမြို့နယ်ဦးစီးမှူးရုံးမှ ပန်ချင်ကျေးရွာအုပ်စုအတွင်းရှိ သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် တိုင်းရင်းသားပြည်သူ ၁၂၃ ဦးအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကျေးရွာအရောက် ကွင်းဆင်းပေးအပ်ခြင်းကို ယမန်နေ့က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပန်ချင်ကျေးရွာအုပ်စု၊ ပန်ချင်ကျေးရွာ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကလိန်‌အောင်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ဗီနိုင်းဆိုင်းဘုတ်စိုက်ထူခြင်း ဆောင်ရွက်

၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရောက်ရှိမည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ဗီနိုင်းဆိုင်းဘုတ်စိုက်ထူခြင်းကို ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့  မြို့မတံတားကြီးထိပ်၌ ယနေ့နံနက် ၈ နာရီက စိုက်ထူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တမူးမြို့ ဝန်ထမ်းအိမ်ယာတွင် မိုဘိုင်းစနစ်ဖြင့် ကိုဗစ်ရောဂါပိုး ရှိ/ မရှိ စစ်ဆေးပေး

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ ဝန်ထမ်းအိမ်ယာတွင် မိုဘိုင်းစနစ်ဖြင့် ကိုဗစ်ရောဂါပိုး ရှိ/ မရှိ အခမဲ့စစ်ဆေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့၌ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက ဆွမ်းဆန်တော်လှူဒါန်း

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့၌ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက ဆွမ်းဆန်တော်လှူဒါန်းခြင်းကို ယနေ့နံနက်(၁၁)နာရီခွဲတွင် ပညာရောင်ခြည် ပရိယတ္တိစာသင်တိုက်၌ လှူဒါန်းခဲ့သည်။‌

မင်းလှမြို့နယ် တောင်ဦးကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာန အဆောက်အဦနှင့် ဝန်ထမ်းအိမ်ယာ ဆောက်လုပ်ပြီးစီးမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် တောင်ဦးကျေးရွာ၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ကျေးလက်ကျန်းမာရေးဌာန အဆောက်အဦနှင့် ဝန်ထမ်း အိမ်ယာများ ဆောက်လုပ်ပြီးစီးမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ မြို့နယ်အရည်အသွေး စစ်ဆေးရေးကော်မတီအဖွဲ့ဝင်များက ယမန်နေ့ နံနက် ၉ နာရီခွဲက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ သရက်ခရိုင်ဥပဒေရုံးနှင့် သရက်မြို့နယ်ဥပဒေရုံး အဆောက်အဦ ဖွင့်လှစ်ခြင်းအခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၁၀ နာရီက သရက်ခရိုင်ဥပဒေရုံးနှင့် သရက်မြို့နယ်ဥပဒေရုံး အဆောက်အဦသစ် ဖွင့်လှစ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

လားရှိုး၌ ဂက်စ်အိုးလဲလှယ်ရာမှ မီးလောင်မှုဖြစ်ပွား

လားရှိုးမြို့ အမှတ်(၇)ရပ်ကွက် နယ်မြေ(၁၈)တွင် ယမန်နေ့ ည(၆)နာရီခွဲခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။

သာကေတမြို့နယ် စာရေးဆရာအသင်း၏ မျက်နှာစုံညီအစည်းအဝေးနှင့် အလုပ်အမှုဆောင်အဖွဲ့ တင်မြှောက်ပွဲကျင်းပ

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၊ ရှုခင်းသာလမ်းရှိ အောင်သုခကျောင်းတိုက်တွင် မြို့နယ်စာရေးဆရာအသင်း၏ မျက်နှာစုံညီအစည်းအဝေးနှင့် အလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ကျင်းပခဲ့သည်။
Subscribe to